ဖမ်းဆီး ရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများ
|
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့နယ်အတွင်း နမ့်ဆွမ်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ညနေပိုင်းတွင်
တရားမ၀င်စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူတစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
မူဆယ်မြို့
(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တာဝန်ခံ မူးယစ်အထူးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်း
အဖွဲ့အစည်းသည် သက်သေများနှင့်အတူ နမ့်ဆွမ်ကျေးရွာအနီး ထွန်းကျော် (ကွတ်ခိုင်မြို့နေ သူ)
မောင်းနှင် လာသော ရင်ဇင်း -၁၂၅ ဆိုင်ကယ်(အနီရောင်) အား ရပ်တန့်ရှာဖွေရာမှ စိတ်ကြွ ရူးသွပ်ဆေးပြားများ
ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
ယာဘက်ခြေသလုံးတွင် ကြိုးဖြင့်ချည်ထားသော ဆေးပြားများ
|
ထွန်းကျော်၏
ယာဘက်ခြေသလုံးတွင် ကြိုးဖြင့်ချည်ထားသည့်အနက်ရောင် ကျွတ်ကျွတ်အိပ်ဖြင့် ထည့်ထား သော
“၈၈” နှင့် “ ၁” စာတမ်းတစ်ဘက်စီပါ ဆေးပြား (၅၉၀၀)ကျော် ကာလတန်ဖိုး သိန်း (၁၂၀) ကျော်ဖိုး
သိမ်းဆည်းရမိခဲ့သည်။ မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ ထွန်းကျော်အား မူဆယ်မြို့နယ် ရဲစခန်းမှ
အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ထွန်းကျော်သည် တာဝန်ရှိသူ များမှ ရပ်တန့်ရှာဖွေမှုပြုလုပ်ရာတွင်
ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားခဲ့သဖြင့် မူးယစ်အထူးအဖွဲ့များမှ လုံးထွေးဖမ်းဆီးခဲ့ရကြောင်း
နမ့်အွမ်ကျေးရွာ မှ ဒေသခံများထံမှ သိရသည်။