Monday, February 25, 2013

မန်းတွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ စတင်လျှောက်ထားနိုင်ပြီ

0 comments
ဖေဖော်ဝါရီ(၂၅)
Photo: မန်းတွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ စတင်လျှောက်ထားနိုင်ပြီ

မန္တလေး-ဖေဖော်ဝါရီ ၂၅
ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ မန်းစည်ပင်အခွန်ဌာနာသို့ မတ်လ၈ရက် နေ့နောက်ဆုံးထားလျှောက်ထားနိုင်ပြီးဖြစ်ကြောင်း မန်းစည်ပင် အခွန်ဌာနမှသိရသည်။ 
ကျုံးဘေးပတ်လည် တွင်တည်ဆောက်လိုသော မဏ္ဍပ်များမှာ အာမခံကြေးငါးသိန်းပေးချေရမည်ဖြစ်ပြီး ကန်တော်ကြီးပတ်လည်နှင့် မို့တွင်းနေရာများတွင် အာမခံကြေးပေးသွင်းရန်မလိုဘဲ မဏ္ဍပ်တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ရေပိုက် ၁၂၀နှင့် တီးဝိုင်းမပါလျှင် ရေပိုက် ၈၀အထိသာ လက်ခံဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မတ်လ၁၃ရက်နေ့တွင် မဏ္ဍပ်နေရာများအတွက် မဲနှိုက်မည်ဖြစ်ပြီး ၁၅ရက်နေ့တွင် တည်ဆောက်ခွင့်ပေးသွား မည်ဖြစ်ကြောင်း မန်းစည် ပင် အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မဏ္ဍပ်တွေကို စည်းကမ်းချက်တွေနှင့် အညီတည်ဆောက်ရပါမယ်။ တည်ဆောက်ခြင်းမရှိတဲ့မဏ္ဍပ်တွေ ကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ် ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
မဏ္ဍပ်တည်ဆောက်လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့်နေရာတွင် သတ်မှတ်ထားသည့် အကျယ်အ၀န်းအတိုင်း တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန်ထားရှိရ မည်ဖြစ်ကာ ယာယီရေလောင်းအိမ်သာထားရှိရမည်ဖြစ်သည်။ ထို့အပြင် စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများကပ်ခြင်း၊ ချိပ်ဆွဲခြင်းများမပြုလုပ်ရန်နှင့် မဏ္ဍပ်တည်ဆောက်ရာတွင် ပလပ်ဖောင်းအတွင်း သာတည်ဆောက်ရမည်ဖြစ်ပြီး လေအိုးသုံးရေပိုက်၊ မီးသက်ပိုက်ခေါင်းများဖြင့် ရေပတ်ခြင်းအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လိုက်နာခြင်းမရှိပါက Black Listာရင်းသွင်းရ်ျ လိုအပ်သလို အရေးယူသွား မည်ဖြစ်ကြောင်း မဏ္ဍပ်တည်ဆောက်လိုသူများလိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် စည်း ကမ်းချက်များအရသိရသည်။ ဖိုးလပြည့်

ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ မန်းစည်ပင်အခွန်ဌာနာသို့ မတ်လ၈ရက် နေ့နောက်ဆုံးထားလျှောက်ထားနိုင်ပြီးဖြစ်ကြောင်း မန်းစည်ပင် အခွန်ဌာနမှသိရသည်။
ကျုံးဘေးပတ်လည် တွင်တည်ဆောက်လိုသော မဏ္ဍပ်များမှာ အာမခံကြေးငါးသိန်းပေးချေရမည်ဖြစ်ပြီး ကန်တော်ကြီးပတ်လည်နှင့် မို့တွင်းနေရာများတွင် အာမခံကြေးပေးသွင်းရန်မလိုဘဲ မဏ္ဍပ်တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ရေပိုက် ၁၂၀နှင့် တီးဝိုင်းမပါလျှင် ရေပိုက် ၈၀အထိသာ လက်ခံဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မတ်လ၁၃ရက်နေ့တွင် မဏ္ဍပ်နေရာများအတွက် မဲနှိုက်မည်ဖြစ်ပြီး ၁၅ရက်နေ့တွင် တည်ဆောက်ခွင့်ပေးသွား မည်ဖြစ်ကြောင်း မန်းစည် ပင် အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မဏ္ဍပ်တွေကို စည်းကမ်းချက်တွေနှင့် အညီတည်ဆောက်ရပါမယ်။ တည်ဆောက်ခြင်းမရှိတဲ့မဏ္ဍပ်တွေ ကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ် ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
မဏ္ဍပ်တည်ဆောက်လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့်နေရာတွင် သတ်မှတ်ထားသည့် အကျယ်အ၀န်းအတိုင်း တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန်ထားရှိရ မည်ဖြစ်ကာ ယာယီရေလောင်းအိမ်သာထားရှိရမည်ဖြစ်သည်။ ထို့အပြင် စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများကပ်ခြင်း၊ ချိပ်ဆွဲခြင်းများမပြုလုပ်ရန်နှင့် မဏ္ဍပ်တည်ဆောက်ရာတွင် ပလပ်ဖောင်းအတွင်း သာတည်ဆောက်ရမည်ဖြစ်ပြီး လေအိုးသုံးရေပိုက်၊ မီးသက်ပိုက်ခေါင်းများဖြင့် ရေပတ်ခြင်းအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လိုက်နာခြင်းမရှိပါက Black Listာရင်းသွင်းရ်ျ လိုအပ်သလို အရေးယူသွား မည်ဖြစ်ကြောင်း မဏ္ဍပ်တည်ဆောက်လိုသူများလိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် စည်း ကမ်းချက်များအရသိရသည်။
 
Popular Myanmar News Journal
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here