Saturday, February 9, 2013

လျှပ်စစ်မီးရရှိရေး အတွက် ရှမ်းပြည်နယ်အစိုး ရ ချေးငွေထုတ်ပေး

0 comments
ဖေဖော်ဝါရီ(၉)

ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်မီးမရရှိသေးသော
ကျေး ရွာများ မီးရရှိရေးအတွက် ရှမ်းပြည်နယ်အ စိုးရအဖွဲ့က ယခုနှစ်အတွက် ကျပ်သိန်း ၂၆၀၀ ထုတ်ချေး ပေး ထားကြောင်း သိရသည်။ 

ရွာတရွာလျှင် အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ သိန်း ၅၀၀ အထိ ချေးယူထားကြကြောင်း၊ ၂၀၁၂ ခုနှစ်အောက်တို ဘာလမှစတင် ထုတ်ချေးပေးလျှက်ရှိရာ ရွာပေါင်း ၁၂ ရွာအထိ ထုတ်ချေးပေး ပြီး ဖြစ်ကြောင်း၊ ရွာများတွင် မီးလင်းရေး ကော်မတီများ ဖွဲ့စည်းထားကြကြောင်းနှင့် မီးလင်းသွားတဲ့ရွာက ချေးငွေကို ပြန် ဆပ်ပြီးရင် ကျန်တဲ့ရွာတွေကိုလည်း ဒီချေးငွေနဲ့ လည်ပတ်ပြီးတော့ လုပ်ပေးသွားမှာပါ ” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းယဉ်က ပြောသည်။ 

ချေးယူထားသော ငွေများကို လျှပ်စစ်မီးရရှိပြီးမှသာ ပြန်ပေးရမည်ဖြစ်ကြောင်း၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးကို ဆွဲယူသုံးစွဲခွင့် ရှိသော်လည်း မီးကြိုးနှင့် ဓာတ်တိုင်ဖိုးအတွက် ငွေကြေး အဆင်မပြေ
ခြင်းကြောင့် ရွာများတွင် လျှပ်စစ်မီး သုံးစွဲ နိုင်ခြင်း မရှိခဲ့ကြောင်း ပြည်နယ် လျှပ်စစ်ဝန်ကြီးက ဆက်ပြော သည်။

အင်းလေးကန် အပါအ၀င် ညောင်ရွှေမြို့နယ် အတွင်းရှိ ရွာပေါင်း ၁၁၇ ရွာ လျှပ်စစ်မီး ရရှိခဲ့ပြီးဖြစ်
ကြောင်း ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေး အဖွဲ့၏ အချက်အလက်အရ သိရသည်။ 

အင်းလေးဒေသအထူး ဖွံ့ဖြိုးရေးခေါင်းဆောင် ကိုရေအေးက  "ချေးငွေ ထုတ်ချေးပေးသည့်အတွက် ၀မ်း သာသော်လည်း၊ အင်းလေးကန်ထဲ၌ ရွာပေါင်း၂၀၀ ကျော်ရှိနေရာ ရွာတရွာ မီးလင်းရန် အနည်းဆုံးကျပ် သိန်း ၂၀၀ ကျော် လိုအပ်သည့်အတွက် ချေးငွေသည် လုံလောက်မှု မရှိနိုင်ကြောင်း၊ ရေပြင်တွင် ဓာတ်တိုင် ထူရခြင်းကြောင့် သစ်တိုင်တတိုင်လျှင် အနည်းဆုံး ကျပ် ၂ သောင်း ခွဲ ကုန်ကျနိုင်ကြောင်းနှင့် လျှပ်စစ်မီး မရသည့်အတွက် ရွာများအနေဖြင့် သစ်ခုတ်၍ ထင်းသုံးခြင်း၊ မီးသွေးဖုတ် ခြင်းတို့ကြောင့် သစ်တော များ ပြုန်းတီးနေရခြင်း ဖြစ်ကြောင်း၊  အင်းလေးကန်ကနေ တနိုင်ငံလုံးလျှပ် စစ်မီးသုံးဖို့ ၆၅ ရာခိုင်နှုန်း ထုတ်ပေးနေပေမယ့် လျှပ်စစ်မီး အရသာ ကို အင်းသားတွေက မခံစားရပါဘူး၊ ကျနော် တို့ ဒေသမှာ သစ်ပင်လာစိုက်ပေးမယ့်အစား လျှပ်စစ်မီးသာရအောင်လုပ်ပေးပါ” ဟု ရှင်းပြသည်။

တနှစ်ထက်တနှစ် ရေများခမ်းခြောက်လာပြီး ရေမျက်နှာပြင် နိမ့်ကျလာခြင်း၊ ဟိုတယ်နှင့် စားသောက် ဆိုင်များ တိုးပွားလာခြင်း၊လူဦးရေ ထူထပ်လာခြင်း၊ ခရီးသွားလုပ်ငန်းများ၏ စွန့်ပစ်ပစ္စည်းများ များပြား လာခြင်းနှင့် ကျွန်းမျှော စိုက်ခင်းများတွင် ပိုးသတ်ဆေး အသုံးပြုမှု များခြင်းကြောင့် အင်းလေးကန် အတွင်း ရေထုညစ်ညမ်းခြင်း ပြဿနာများကြုံတွေ့နေရသည်။ 

အင်းလေးကန်ထိန်းသိမ်းရေးအတွက် နော်ဝေအစိုးရက မြန်မာအစိုးရအား အမေရိကန်ဒေါ်လာ ၂ သန်း
ထောက်ပံ့ ပေးထားကြောင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ ယင်းငွေများအား စီမံခန့်ခွဲနေကြောင်း သိရသည်။

လျှပ်စစ်ဝန်ကြီးကနေ ကျေးရွာများတွင် မီးလင်းရေးကော်မတီများ လိုက်လံ ဖွဲ့စည်းပေးနေသကဲ့သို့၊ အင်းလေးဒေသ အထူး ဖွံ့ဖြိုးရေး အဖွဲ့ကလည်း ရန်ကုန်မြို့မှ YTE အောင်သောင်း ထရန်စဖော်မာ ကုမ္ပဏီဖြင့် ချိတ်ဆက်ပြီး အရစ်ကျ စနစ်ဖြင့် ထရန်စဖော်မာများ ၀ယ်ယူ၍ မီးလင်းရေးလုပ်ငန်းများ လုပ်နေကြောင်းလည်း သိရသည်။ 

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး စီမံချက်တွင် လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်ရေး၊ ဆက်သွယ်ရေးစနစ် အဆင့်မြှင့်တင်ရေးနှင့် ဘဏ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် အတိုးနှုန်းမပါသော မတည်ငွေ ဒေါ်လာ ၁၆၅ သန်းကို ကမ္ဘာဘဏ်မှ ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ အင်းလေးကန်ထဲမှ ရေများကို မိုးဗြဲရေကာတာဖြင့် ထိန်းထားပြီး လောပိတရေအားလျှပ်စစ်မှ တဆင့် လျှပ်စစ်ဓာတ် ထုတ်လုပ်၍ တနိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း လောပိတရေအားလျှပ်စစ် တည်ရှိရာ ကယားပြည်နယ်မှ ရွာအများစုသည်လည်း လျှပ်စစ်မီး မရသေးပါဘူး။
 
ကယန်းတိုင်းစ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here