Monday, February 25, 2013

ရေနံ၊သတ္တုနှင့် စက်မှုထုတ်ကုန်လုပ်ငန်းများ၌ ရင်နှီးမြှုပ်နှံရန် အမေရိကန် စိတ်ဝင်စား

0 comments
ဖေဖော်ဝါရီ(၂၅)
မြန်မာနိုင်ငံစက်မှုထုတ်ကုန်ပိုင်းဆိုင်ရာလုပ်ငန်းများတွင်အမေရိကန်ပြည်ထောင်စုမှရင်းနှီးမြုပ်နှံရန်
 ဖေဖော်ဝါရီလ(၂၅)ရက်နေ့ က  နှစ်ဘက်ညှိုနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
25-02-13-5 (1)
မြန်မာ-အမေရိကန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး အမေရိကန်နိုင်ငံ အရေးယူ ပိတ်ဆို့ထားသည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည် ဖွင့်ပေးစေလိုသည့် ရည်ရွယ်ချက်ဖြင့် အဆိုပါဆွေးနွေးမှုအား ပြုလုပ်ရခြင်းဖြစ်သည်ဟု UMFCCI ဒုဥက္ကဌ ဦးမောင်မောင်လေးက ဆိုသည်။
“ သူတို့ကြိုက်တာနဲ့ ဒီဘက်က ပေးနိုင်တာနဲ့ လုပ်ငန်းအနေအထားတွေ ညှိနှိုင်း ဆွေးနွေးတိုင်ပင် ကြမှာပါ ” ဟု UMECCI ဒုဥက္ကဌ ဦးမောင်မောင်လေးက ပြောသည်။
မြန်မာ-အမေရိကန် ရင်းနှီးမြုပ်နှံမှုကဏ္ဍ၌ ရေနံတူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် စက်မှုကုန်ထုတ်လုပ်မှုအပိုင်းများအား အဓိကထား ဆွေးနွေး သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိသည်။
“အဓိက သူတို့က ရေနံလုပ်တာတွေ၊ သတ္တုတူးဖော်တာတွေ လုပ်ချင်တာ။ သူတို့က ရေနံတူးချင်တယ်ဆိုလည်း အစိုးရက   နေရာပေးဦးမှ ၊ သတ္တုတူးဖော်ချင်တယ် ဆိုလည်း တူးခွင့်ပေးဦးမှ။ ဒါတွေက တဖြေးဖြေး ဆွေးနွေးသွားကြရမှာပါ သူတို့က လုပ်ချင်လို့လာတယ်။ အခုက နိုင်ငံတကာမှာ ရှိပြီးသား အမေရိကန် ကုမ္ပဏီတွေက တိုက်ရိုက်လာတာ။ နောက်ပိုင်းမှာ အမေရိကတိုက်ကြီးကနေ လာဖို့ ရှိတယ်” ဟု UMFCCI မှ တွဲဘက်ဘဏ္ဍာရေးမှူး ဦးမြတ်တင်အောင်က ပြောသည်။
ထိုသို့ အမေရိကန်ပြည်ထောင်စုမှ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာနိုင်ငံ၌ အလုပ်အကိုင်များ ပေါများလာခြင်း၊ နည်းပညာသစ်များ ရရှိနိုင်ခြင်း အစရှိသည့် အကျိုး သက်ရောက်မှုများစွာရရှိလာနိုင်ကြောင်းကို မြန်မာစီးပွားရေး လုပ်ငန်းရှင်များထံက သိရှိရသည်။
“ အရင်က မြန်မာကို အမေရိကန်က ဆန်ရှင်ပိတ်ထားတဲ့အတွက် ရင်းနှီးမြုပ်နှံမှုတွေ မရဘူး။ အခုဆို  FDI တွေ ၀င်လာမယ် ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ ရလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးလာမယ်။ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ ဆိုတာက FDI လာမှ ရမှာလေ။ နည်းပညာတွေလည်း ရမယ်။ အကျိုးကျေးဇူးတွေ အများကြီး ရလာနိုင်ပါတယ်” ဟု မြန်မာ့လက်မှု ပစ္စည်းများရောင်းချလျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
25-02-13-5 (2)
အမေရိကန်ပြည်ထောင်စုနှင့် မြန်မာ့စီးပွားရေးဆက်သွယ်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့အမေရိကန်
အခြေစိုက်ကုမ္ပဏီများမှလုပ်ငန်းရှင်ပေါင်း(၅၁)ဦးက နိုင်ငံအသီးသီးမှစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်း
လုပ်ငန်းရှင်များ (၁၅၀)ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာ့လက်မှုပစ္စည်းများဖြစ်သည့် ယွန်းထည်၊ သနပ်ခါး၊ ဖိနပ်များ၊ ရိုးရာအ၀တ်အထည်များ၊ လက်ဝတ်ရတနာ အရောင်းဆိုင် ဆိုင်ခန်းပေါင်း(၁၀)ခန်းကျော်မှ ခင်းကျင်းပြသခဲ့ကြောင်းကိုလည်း သိရသည်။
ဖေဖော်ဝါရီလ(၂၅)ရက်နေ့ညနေပိုင်း၌အမေရိကန်စီးပွားရေးရင်းနှီးမြုပ်နှံမှုလိုသူများနှင့် မြန်မာလုပ်ငန်းရှင်
အချို့မှာ စီးပွားရေးလုပ်ငန်းများ အကျီုးတူဆောင်ရွက်နိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
Myit Makha Mediagroup

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here