၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ မူသဘောဆွေးနွေးချက်များအပေါ် ၀န်ကြီးဌာန ၁၆ ခုမှ ပြန်လည်ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်းသိရသည်။
စီမံကိန်းများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းမည့်ဝန်ကြီးဌာနများမှာ
(က) နိုင်ငံခြားရေးဝန်ကြီးဌာန၊
(ခ) ကာကွယ်ရေးဝန်ကြီးဌာန၊
(ဂ) နယ်စပ်ရေးရာဝန်ကြီးဌာန၊
(ဃ) ပြည်ထဲရေးဝန်ကြီးဌာန၊
(င) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊
(စ) သာသနာရေးဝန်ကြီးဌာန၊
(ဆ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
(ဇ) ပြန်ကြားရေးဝန်ကြီးဌာန၊
(ဈ) ယဉ်ကျေးမှုဝန်ကြီးဌာန၊
(ည) ပညာရေးဝန်ကြီးဌာန၊
(ဋ) ကျန်းမာရေးဝန်ကြီးဌာန၊
(ဌ) အားကစားဝန်ကြီးဌာန၊
(ဍ) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊
(ဎ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊
(ဏ) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
(တ) မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန တို့ဖြစ်သည်။