တရုတ်နိုင်ငံမှ မူးယစ်ရာဇာ တစ်ဦး ဖြစ်သည့် မြန်မာနိုင်ငံသား စိုင်းနော်ခမ်းကို ကိုခုလိုထိထိရောက်ရောက် ပြစ်ဒဏ်ပေး လိုက်ခြင်းသည် လုပ်သင့်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ကမ္ဘာတလွှားမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကြောင့် လူငယ်ပေါင်းများစွာ၊ လမ်းမှားရောက်ပြီး သေကြေ ပျက်စီးခဲ့တာ မိသားစုပေါင်းများစွာ ဒုက္ခရောက်ခဲ့ကြသည်။ကမ္ဘာ့နိုင်ငံ အသီးသီးရှိ တခြား မူးယစ်ရာဇာတွေလဲ စိုင်းနော်ခမ်းကို ဖြစ်ရပ်ကို ကြည့်ပြီး မူးယစ်ဆေးဝါး လုပ်ငန်းလုပ်ရင် ဒီလို ခံရနိုင်တယ် ဆိုတာ သတိပြုသွားကြမည်ဖြစ်သည်။။ အထူးသဖြင့် ဘိန်းစိုက်ကာ မူးယစ်ဆေးဝါး အရောင်းအ၀ယ်လုပ် နေပြီး ရှမ်းပြည်နယ်အတွက် လက်နက်ကိုင်နေတာပါလို့ပြောနေသော၊ တပ်မတော်က ဖိနှိပ်လို့ လက်နက်ကိုင်နေ တာပါလို့ ပြောနေသော ရွှေတြိဂံနယ်မြေက မူးယစ်ဆေး ၀ါးရောင်း ၀ယ်ဖောက်ကားနေသော လက်နက်ကိုင်အဖွဲ့တွေ ပိုမိုသတိထားကြရတော့ မည်ဖြစ်ပါ သည်။
မြန်မာ အစိုးရ ဆီမှာ အမှားဝန်ခံ လက်နက်ချရင်ချ ၊ မချရင်တော့ ၎င်းတို့သည် စိုင်းနော်ခမ်း နောက် မကြာခင် လိုက်ရတော့မည်ဖြစ်သည်။ မူးယစ်ရာဇာ တစ်ဦးကို ယခုလို သေဒဏ် ပေးလိုက်ခြင်းသည် ကမ္ဘာကြီးနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ အတွက် သတင်းကောင်းဖြစ်သော်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သတ်နေသော လူများ၊ အထူးသဖြင့် ရှမ်းပြည်နယ်စပ်က လူမျိုးရေး အကြောင်းပြပြီး လက်နက်ကိုင် မူးယစ်ဆေးဝါးလုပ်နေသော အဖွဲ့များ နှင့် ကြံရာပါများ အတွက် ကြောက်လန့်စရာ ပင်ဖြစ်နေတော့ သည်။
မြန်မာ့သားကောင်း