Monday, March 4, 2013

ကလောမြို့နယ်တွင် မီးလောင်ပြီး ကလေးငယ်တစ်ဦး သေဆုံး

0 comments
မတ်(၄)



ရှမ်းပြည်နယ်၊ တောင်ပိုင်း ကလောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မတ်လ(၃) ရက်နေ့ နေ့လည် ပိုင်းက တောမီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်းရာမှ ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

မတ်လ(၃)ရက်နေ့ နေ့လည်ပိုင်းတွင် ကလောမြို့နယ်၊ နန်းသဲကျေးရွာ၊ ဦးတင်မောင်ဝင်း(ပန်းရံ) ၏ နေအိမ် နောက်ဖေးရှိ ကောက်ရိုးပုံအား တောမီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်းခဲ့ရာ အနီးပတ်ဝန်းကျင် ရှိ ရွာသူ၊ ရွာသားများမှ ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့သဖြင့် နာရီဝက်ခန့်အကြာတွင် မီးငြိမ်း သွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ကောက်ရိုးပုံတွင် ဆော့ကစားနေသည့် ဦးတင်မောင်ဝင်း ၏ သမီးဖြစ်သူ မအိရွှေစင် (၂)နှစ်(၃)လမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ကလေးငယ်သေ ဆုံးမှုအား ကလောမြို့နယ် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၃)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here