Friday, March 22, 2013
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲမှ နောက်ဆုံးသဘောထားထုတ်ပြန်
0 comments
မတ်(၂၂)
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ လားရှိုးမိုတယ်၌ ငြိမ်းချမ်းရေးအတွက် ယုံကြည် မှု တည်ဆောက်ခြင်း (ရှမ်း ပြည်နယ်၊ ကယားပြည်နယ်) ဆွေးနွေးပွဲမှ နောက်ဆုံး သဘောထား ထုတ်ပြန် ကြေညာချက်တစ်ရပ်ကို တိုင်းရင်းသားပါတီ(၁၉)ဖွဲ့က အတည်ပြုကြကြောင်း သိရသည်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပြောဆိုရာမှ သဘောထား  ရလာဒ်များမှာ တိုင်းရင်းသားများ ကိုယ်တိုင် ပြဌာန်းခွင့် ဖက်ဒရယ်မူ ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်ရေးမှာ မိမိတို့၏ အဓိကရည်မှန်းချက် ဖြစ်သည်ဟု သိရသည်။ ယင်းနောက် တိုင်းရင်းသား လူမျိုးစုနယ်မြေ အတွင်း အစိုးရဖက်မှ စစ်တပ်အင်အား တိုးချဲ့၍ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းသည် အပစ် အခတ် ရပ်စဲရေးကို ထိခိုက်စေကြောင်း၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံ
ဆွေးနွေးလို၍ အဖြေရှာသင့်ကြောင်း၊၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမူအား ပြင်ဆင်ရန်(သို့မဟုတ်) ဥပဒေအသစ်ပြန်လည်ရေးဆွဲရန်အလိုရှိကြောင်း၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများကို ဖန်တီးလှုံ့ဆော်မှု ရှိခဲ့ပါက မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းမဆို ပြင်းထန်စွာ ရှုံ့ချသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကြသည်။
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲမှ
နောက်ဆုံးသဘောထားထုတ်ပြန်
လားရှိုး၊ မတ် ၂၂။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ လားရှိုးမိုတယ်၌ ငြိမ်းချမ်း
ရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း (ရှမ်း ပြည်နယ်၊ ကယားပြည်နယ်) ဆွေးနွေးပွဲမှ နောက်ဆုံး သဘောထား ထုတ်ပြန် ကြေညာချက်တစ်ရပ်ကို တိုင်းရင်းသားပါတီ(၁၉)ဖွဲ့က အတည်ပြုကြကြောင်း သိရသည်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေး
ပြောဆိုရာမှ သဘောထား ရလာဒ်များမှာ တိုင်းရင်းသားများ ကိုယ်တိုင် ပြဌာန်းခွင့် ဖက်ဒရယ်မူ ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်ရေးမှာ မိမိတို့၏ အဓိကရည်မှန်းချက် ဖြစ်သည်
ဟု သိရသည်။ ယင်းနောက် တိုင်းရင်းသား လူမျိုးစုနယ်မြေအတွင်း အစိုးရဖက်မှ စစ်တပ်အင်အား တိုးချဲ့၍ တိုက်ခိုက်မှုများ ပြုလုပ်
နေခြင်းသည် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်စေကြောင်း၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံ
ဆွေးနွေးလို၍ အဖြေရှာသင့်ကြောင်း၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမူအား ပြင်ဆင်ရန်(သို့မဟုတ်)ဥပဒေအသစ်
ပြန်လည်ရေးဆွဲရန်အလိုရှိကြောင်း၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများကို ဖန်တီးလှုံ့ဆော်မှု ရှိခဲ့ပါက မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းမဆို ပြင်းထန်စွာ ရှုံ့ချသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကြသည်။ 
ပြည်ထောင်စုနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများ အားစစ်မှန်သော ထာဝရငြိမ်းရေးကို ခံစားစေလိုသောကြောင့် ယခုလိုဆွေးနွးပွဲမျိုး ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း၊ နှောင်တွင်
လည်း သင့်လျော်သော ဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွား မည်ဟု ဖြစ်မြောက်ရေး ကော်မတီ၏ သဘောထားမှတ်ချက်အရ 
သိရသည်။
ကိုထွန်းထွန်း
The Myanma Age
Leave a Reply
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings
You can add link or short description here