Saturday, March 30, 2013

ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်(၁/၂၀၁၃)

0 comments
မတ်(၃၀)



ပြည်ထောင်စုသမ်မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်(၁/၂၀၁၃)
၂၀၁၃ခုနှစ်၊ မတ်လ ၂၉ ရက်နေ့
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်

၁။ ပြည်ထောင်စုသမ်မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံ တော် လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ်ဌာန်းထားသည့် ဉပဒေများနှင့်မဆန့်ကျင်လျှင် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့် လည်ခွင့်၊ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက် နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်” ဟု ပြဋ်ဌာန်းပြီးဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်သူလူထုအား ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဉပဒေနှင့် နည်းဉပဒေများကို ပြဋ်ဌာန်းခဲ့ပြီး ဖြစ်ပါသည်။

၂။ သို့ရာတွင် ၂၀၁၃ ခုနှစ်၊ မတ်လ(၂၀)ရက်နေ့က မန်တလေးတိုင်းဒေသကြီး၊ မိတ်ထီလာမြို့၌ သာမန်ဈေးရောင်း ၀ယ်ရာတွင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အဖျက်အမှောင့်ပြုလိုသူများသည် လူစုလူဝေးများဖြင့် ဆူပူမှု၊ ရုန်းရင်းဆန်ခတ် မှုများပြုလုပ်ခဲ့သည့်အြမတ်လ(၂၀)ရက်နေ့က မန်တလေးတိုင်းဒေသကြီး၊ မိတ်ထီလာမြို့၌ သာမန်ဈေးရောင်း ၀ယ်ရာတွင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အဖျက်အမှောင့်ပြုလိုသူများသည် လူစုလူဝေးများဖြင့် ဆူပူမှု၊ ရုန်းရင်းဆန်ခတ် မှုများပြုလုပ်ခဲ့သည့်အပြင် သေစေလောက်သော လက်နက်စွဲကိုင်၍ အကြမ်းဖက်မှု ကျူးလွန်သည့် အခြေ အနေများ ဖြစ်ပေါ်ခဲ့ပါသည်။ ဆူပူဆန်ဒပြမှုမှ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုအထိ ဖြစ်ပေါ်လာခဲ့သည့် ယင်းဖြစ်စဉ်မှအစပြု၍ အခြားတိုင်းဒေသကြီးရှိ မြို့နယ်များသို့ ကူးစက်ဖြစ်ပေါ်ခဲ့ပြီး ယနေ့အထိ မြို့နယ်(၁၅)မြို့နယ် တွင် အကြမ်းဖက်မှု(၁၆၃)ကြိမ်၊ သေဆုံးသူ(၄၃)ဉီး၊ ဒဏ်ရာရရှိသူ(၈၆)ဉီးရှိ၍ အိုးအိမ်၊ ဈေးဆိုင်၊ အဆောက်အဉီ (၁၃၅၅)လုံးနှင့် ယာဉ်မျိုးစုံ(၃၉)စီး ပျက်စီးဆုံးရှုံးကာ လူဉီးရေ(၁၁၃၇၆)ဉီး အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ် ရေးစခန်း(၆)ခုတွင် ဒုက်ခသည်(၉၀၆၅)ဉီးအား ကူညီစောင့်ရှောက်ပေးခဲ့ရပါသည်။ ယင်းဖြစ်စဉ်များတွင် ပြစ်မှု ကျူးလွန်သူ တရားခံ(၆၈)ဉီးဖမ်းဆီးရမိပြီး ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၃။ ဖြစ်ပွားခဲ့သည့် ပဋိပက်ခများ တည်ငြိမ်စပြုလာသည့် အခြေအနေတွင် ဆူပူမှုများကူးစက်ပျံ့နှံ့ရန် ပြည်သူ လူထု၏ရိုးသားမှုကို အခွင့်ကောင်းယူပြီး လှုံ့ဆော်လုပ်ဆောင်မှုများကို တွရှေိ့ရသဖြင့် မြို့နယ် ၁၅ မြို့နယ်တွင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံမှုကို ကာကွယ်နိုင်ရေး အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဉပဒေပုဒ်မ ၁၄၄ နှင့်အညီ တားဆီးမိန့်များ ထုတ်ပြန်ခဲ့ရပါသည်။

၎။ အဆိုပါဖြစ်ပွားသော ဖြစ်စဉ်များသည် တည်ဆဲဉပဒေများကိုဖောက်ဖျက်၍ ပြစ်မှုကျူးလွန်ခြင်းများဖြစ် ကြောင်း စိစစ်တွရှေိ့ရပါသည်။ အများဆုံးဖြစ်ပွားခဲ့သော ပြစ်မှုများမှာ
(က) ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မ ၁၄၃(ဉပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု)၊
(ခ) ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မ ၁၄၄(ဉပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် လက်နက်စွဲကိုင် ပါဝင်မှု)
(ဂ) ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၁၄၅(လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဉပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ဆက်လက်ပါဝင်နေမှု)
(ဃ) ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၁၄၈(ရုန်းရင်းဆန်ခတ်မှု)၊
(င) ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၁၄၈(ဉပဒေနှင့် ဆန့်ကျင့်သောအစုအဝေးတွင် လက်နက်စွဲကိုင်ရုန်းရင်း ဆန်ခတ်မှု)
(စ) ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၁၅၂(ရုန်းရင်းဆန်ခတ်စသည် တို့ကိုနှိမ်နင်းနေသော ပြည်သူ့ဝန်ထမ်းကို လက်ရောက်မှု)
(ဆ) ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၁၈၇(ပြည်သူ့ဝန်ထမ်းက ဆူပူအကြမ်းဖက်မှုကို နှိမ်နင်းရန် ဉပဒေအရအကူအညီတောင်းဆိုသည်ကို အကူအညီမပေးဘဲနေမှု)၊
(ဇ) ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မ ၁၈၈(ဉပဒေနှင့်အညီ ထုတ်ပြန်သည့် အမိန့်ကို ဖီဆန်မှု)
(ဈ) ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မ ၂၉၅( လူတစားကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ်ဝတ်ပြုသောနေရာကို ဖျက်ဆီးမှု)၊
(ည) ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မ ၃၀၂(လူသတ်မှု)၊
(ဋ) ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မ ၃၂၅(အပြင်းအထန်နာကျင်စေမှု)
(ဌ) ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၃၂၆(သေစေလောက်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု)၊
(ဍ) ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မ ၃၉၂(လုယက်မှု)၊
(ဎ ) ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မ ၄၂၇(အကျိုးဖျက်ဆီးမှု)၊
(ဏ) ပြစ်မှုဆိုင်ရာ ဉပဒေပုဒ်မ ၄၃၆(မီးဖြင့်အကျိုး ဖျက်ဆီးမှု)၊
(တ) ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၄၅၂(နာကျင်စေမှုကိုဖြစ်စေ၊ လက်ရောက်မှုကိုဖြစ်စေ၊ မတရားတားဆီး မှုကိုဖြစ်စေ ကျူးလွန်ရန်ပြင်ဆင်၍ အိမ်ကျော်နင်းမှု)၊
(ထ) ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၅၀၅(ခ) (နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဆန့်ကျင်သည့်ပြစ်မှုဖြစ်စေရန် လှုံ့ဆော်မှု၊ ကောလာဟလဖြန့်ချိမှု)တို့ ဖြစ်ပါသည်။

၅။ ယင်းသို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ တာဝန်သိပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးပြီး တရားဉပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါသည်။

၆။ ပြစ်မှုဆိုင်ရာကျင့်ထုံးဉပဒေပုဒ်မ ၁၂၇ အရ လူ ၅ ဉီးနှင့်အထက် ပိုသည့် ဉပဒေနှင့်ဆန့်ကျင်သော လူစုလူ ဝေးကို လူစုခွဲရန် အုပ်ချုပ်ရေးတာဝန်ရှိသူများက အမိန့်ပေးသည့်အခါ အဆိုပါ အစုအဝေးသည် လူစုခွဲရန် တာဝန်ရှိပါသည်။ အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဉပဒေ ပုဒ်မ ၁၂၈ အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့ပြအင်အားအသုံးပြု၍ လူစုခွဲနိုင်ပါသည်။ ယင်းကဲ့သို့ အင်အားကို အသုံးပြုလူစု ခွဲရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လက်နက်ကိုင် မဟုတ်သူ မည်သည့်အမျိုးသားကိုမဆို အကူအညီ တောင်းခံနိုင်ကြောင်း ဖော်ပြထားပါသည်။ သို့ဖြစ်၍ ပြည်သူလူထုက ပါဝင်ကူညီဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းပန်ကြားအပ်ပါသည်။

၇။ ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဌာနဆိုင်ရာများက လည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနိုင်ကြပါရန် မေတ်တာရပ်ခံအပ်ပါသည်။

၈။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ လူထု၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့်အလျှောက် မင်းမဲ့ စရိုက်ဆန်သည့် လုပ်ဆောင်မှုများ၊ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သတ်ကြောင်း ပြစ်မှုထင်ရှားသူ များကို တည်ဆဲဉပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည့်အပြင် ထပ်မံမဖြစ်ပွားစေရေး အတွက် တည်ဆဲဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
 

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here