Saturday, March 30, 2013

ဆွစ်ဇာလန်မှ ဆောက်မည့် အာကာသလေယာဉ်

0 comments
မတ်(၃၀)
Swiss Space System (S3) မှ တည်ဆောက်မယ့် လေယာဉ် ဖြစ်ပါတယ်။ အာကာသ သွားမယ့် လေယာဉ်ပျံ ဖြစ်ပြီး ဒီအတွက် အမေရိကန်ဒေါ်လာ ၂၆၅ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ အာကာသကို ပစ္စည်း ၂၅၀ ကီလိုဂရမ် သယ်ယူပို့ဆောင် ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း အထက်ကုန်ကျစေနေတဲ့ အတွက် ယခုလို တည်ဆောက်ဖို့ စီမံကိန်းကိုဆွစ်ဇာလန်မှ စတင်ခြင်း ဖြစ်ပါတယ်။

ရော့ကတ် အင်ဂျင်မှ အမြင့်ပေ ၂သိန်း၆သောင်းအမြင့်ကို မောင်း တင်ပေး နိုင်ပြီး ၇၀၀ ကီလိုမီတာ အကွာမှာရှိတဲ့ ကမ္ဘာပတ်လမ်းကို ရောက်ဖို့ ထပ်မံ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ် စမ်းသပ် မောင်းနှင်ပြီး ၂၀၁၇ ခုနှစ်မှာ ကုန်ပစ္စည်း တင်ဆောင်လို့ အသုံးပြု စေဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ယာဉ်ပုံစံကလည်း ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Air bus ဒီဇိုင်း ဖြစ်ပါတယ်။

ဆွစ်ဇာလန်အပြင် နာဆာနဲ့ ESA တို့မှလည်း ယင်းကဲ့သို့ အလားတူ အာကာသ ယာဉ်ပျံများကို ကြိုးစား တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။

TechSpace Journa

--
Ref: techblog
TechSpace Journal

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>TechSpace Journal<< Thank

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here