Sunday, March 17, 2013

ခေါက်ဆွဲဂျပ်စက္ကူဖာအတွင်းမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

0 comments
မတ်(၁၇) 
၁၆-၃-၂၀၁၃ ရက်နေ့ ၁၇၂၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ လွယ်ဆုတောင်း စေတီအနီးတွင် မူဆယ်မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်ဘက်သို့ မူဆယ်မြို့နယ်၊နောင်ဆိုင်ကျေးရွာနေ မလထော်ထု(ခ)မထု (၄၃)နှစ် မောင်းနှင် လာသော နံပါတ်မပါလော့ဂျာ အမျိုးအစား အဖြူရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ထိုင်ခုံနောက်တွင် တင်ဆောင်လာသော ယမ်ယမ်တံဆိပ် ခေါက်ဆွဲဂျပ်စက္ကူဖာ ၂ ဖာ အတွင်းမှ ဘိန်းဖြူမှုန့်ဆပ်ပြာခွက် ၁ ခွက်လျှင်အလေးချိန် ၁၂ ဂရမ်စီပါ ဘိန်းဖြူမှုန့်ဆပ်ပြာခွက် ၄၄ ခွက်၊ အလေးချိန် ၅၂၈ ဂရမ် ၊ တန်ဘိုးငွေ ၉၅၀၄၀၀၀ ကျပ်အား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမ၀င်မူးယစ်ဆေးဝါးသယ်ဆောင်လာသူ မလထော်ထု(ခ)မထုအား မူဆယ်ရဲစခန်း မယ(ပ)၂၇/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here