Sunday, March 17, 2013

တူမီးသေနတ်ဖြင့် မိမိကိုယ်ကိုသတ်သေ

0 comments
မတ်(၁၇)

 
၁၅-၃-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ ၀ဲကြီးကျေးရွာနေ စိုးအောင် (၁၉)နှစ်သည် ၎င်း၏ဦးလေးဖြစ်သူ ရွှေပို၊ သူငယ်ချင်းများနှင့်အတူ အရက်သောက်စားပြီး အရက်မူးသောအခါ စိတ်ညစ်ကြောင်းပြောပြီး နေအိမ်သို့ ပြန်သွားခဲ့သည်။ ၎င်းနောက် မိခင်ဖြစ်သူမှာ ဈေးမှပြန်လာရာ စိုးအောင်အား နေအိမ်အိပ်ယာပေါ်တွင် မျက်ခုံး(၂)ခုကြား နဖူးမှနောက်စေ့သို့ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် ၀ဲဘက်လက်ထဲတွင် တူမီးသေနတ်အား ဆုပ်ကိုင်လျက် ပက်လက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ခဲ့ရာ သေဆုံးသူ စိုးအောင်သည် အရက်မူးပါက စိတ်ဂနာမငြိမ် ဖြစ်တတ်ကြောင်း၊ တူမီးသေနတ်မှာ စိုးအောင်အမဲလိုက်စဉ် ကိုင်ဆောင်သော သေနတ်ဖြစ်ကြောင်း သိရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် ဆင်ဘိုရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၃ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here