မိတ္ထီလာမြို့တွင် ၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန(၈)ခု ထားရှိ ထားပြီး ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ဖြေဆိုရန် စာရင်းရှိဦးရေ (၃၃၃၉) ဦး ရှိသော်လည်း(၂၉၆၄)ဦး လာရောက်ဖြေဆိုခဲ့ပြီး (၃၇၅)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။
''အချို့ကျောင်းသားတွေက ကိုယ့်အိမ်မီးရှို့ခံရတဲ့အထဲမှာ ပါသွားလို့ စာမေးပွဲ သွားမဖြေကြတဲ့ သူတွေလည်း ရှိပါတယ်။စာစစ်ဌာနတွေကတော့ ဘာမှမဖြစ်ပါဘူး။ကျောင်းသားတွေကို နီးစပ်ရာ စာစစ်ဌာနတွေမှာ ဖြေဆိုခွင့်ပြုခဲ့တာကလွဲလို့ ဘာမှမဖြစ်ခဲ့ပါဘူး'' ဟု မိတ္ထီလာမြို့နေ ဒေသခံတစ်ဦးက ဆိုသည်။
မနေ့ကတော့ မိတ္ထီလာမြို့မှာ ပထ၀ီဘာသာရပ် ဖြေဆိုမယ့်သူမရှိပါဘူး။ဒီနေ့ ဘောဂဗေဒဘာသာ ရပ် ဖြေဆိုတဲ့နေ့မှာတော့ ကျောင်းသားတွေ စိတ်အနှောင့်အယှက် မဖြစ်စေဖို့နဲ့ သွားရေးလာရေး အဆင်ပြေစေဖို့ ကိုယ်နဲ့နီးစပ်တဲ့ စာစစ်ဌာနမှာ ဖြေဆိုခွင့်ပေးခဲ့ပါတယ်''ဟု အ.ထ.က(၁) မိတ္ထီလာမြို့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။