Sunday, March 17, 2013

ဖိလစ်ပိုင်က ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံထားသော ဧရာမကာစီနို ဖွင့်လှစ်

0 comments
မတ်(၁၇)

Photo: ဖိလစ်ပိုင်က ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံထားသော 
ဧရာမကာစီနို ဖွင့်လှစ်
Sunday, March 17, 2013

ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည့် ဧရာမကာစီနို ကစားရုံကြီးကို ဖိလစ်ပိုင်တွင် မတ် ၁၆ ရက်က ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့
ထိပ်တန်း ကစားပွဲရုံဈေးကွက်သို့ ၀င်ရောက်ရန် ခြေလှမ်းပြင်ဆင်ခဲ့သည်။

မနီလာပင်လယ်အော်တွင် တည်ဆောက်မည့် ကာစီနိုလေးခု၌ ပထမဆုံးဖွင့်လှစ်ခဲ့သည့် Solaire Malina Resorts သည် ဖိလစ်ပိုင်နိုင်ငံအတွက် ချမ်းသာသော ကမ္ဘာလှည့် ခရီးသွား သန်းပေါင်းများစွာကို ဆွဲဆောင်ပေးနိုင်လိမ့်မည်ဟု အစိုးရနှင့် ကာစီနိုလုပ်ငန်း တာဝန်ရှိသူများက မျှော်လင့်ထားသည်။

"Solaire က ဖိလစ်ပိုင်မှာမရှိတဲ့ ဖျော်ဖြေရေးနဲ့ ကစားပွဲ အတွေ့
အကြုံတွေကို ယူဆောင်ပေးလာပါပြီ" ဟု Solaire ၏ အမှုဆောင်
အရာရှိချုပ် မိုက်ကယ်ဖရန့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ဖိလစ်ပိုင် ဆိပ်ကမ်းလုပ်ငန်း ဘီလျံနာ အင်းနရစ်ရာဇွန်က ထိန်းချုပ်ထားပြီး အမေရိကန်နိုင်ငံ လတ်ဗီးဂက်စ်အခြေစိုက် Global Gaming Asset Management က လည်ပတ်မည့် ယင်းကာစီနိုသည် ဘော်လုံးကွင်း
လေးကွင်းစာခန့် အရွယ်အစားရှိသော အကျယ်အ၀န်းရှိပြီး ကစား 
စားပွဲ ၃၀၀ ရှိကာ အကြွေစေ့စက် ၁၂၀၀ ရှိမည် ဖြစ်သည်။
ယင်းအဆောက်အုံထဲတွင် ဟိုတယ်အခန်း ၅၀၀ ရှိမည်ဖြစ်ပြီး ကားအစီး ၂၀၀၀ ခန့် ကားရပ်နားနိုင်သည့်နေရာလည်း ရှိမည်ဖြစ်သည်။ ထို့ပြင် ဟိုတယ်အခန်း ၃၀၀ ခန့်နှင့် တန်ဖိုးကြီး ပစ္စည်းများ ရောင်းချမည့်
ဈေးဆိုင်ခန်း ၄၀ ခန့်ကိုလည်း တိုးချဲ့နေရာတွင် တည်ဆောက်နေသည်။

နောက်ထပ်ကာစီနိုသုံးရုံကို ဖွင့်လှစ်ပြီးပါက မနီလာလေဆိပ် အနီးတွင်
ဖျော်ဖြေရေးမြို့တော် ပေါ်ပေါက်လာမည် ဖြစ်သည်။ ဖိလစ်ပိုင် အချမ်းသာ ဆုံးပုဂ္ဂိုလ် ဟင်နရီဆိုင်၊ သြစတြေးလျ ဘီလျံနာ ဂျိမ်းပက်ကာ၊ မကာအို ကာစီနိုသူဌေး လောရင့်ဟိုတို့ ဖက်စပ်ဖွင့်လှစ်မည့် Belle Grande ကာစီနိုကို လာမည့်နှစ်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

ဂျပန်ကာစီနိုသူဌေး ကာဇူအို အိုကာဒါနှင့် မလေးရှားကာစီနိုလုပ်ငန်းစု Genting တို့ လုပ်ကိုင်မည့် ကာစီနိုနှစ်ခုကိုလည်း ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ 

Solaire ကာစီနိုဖွင့်လှစ်နိုင်မှုကြောင့် ဖိလစ်ပိုင်ကာစီနိုလုပ်ငန်း ၀င်ငွေကို ယခုနှစ်အတွင်း ဒေါ်လာ ၂ ဘီလျံထိ နှစ်ဆတိုးလာပြီး ကာစီနိုလေးခုစလုံး ဖွင့်လှစ်ပြီးပါက ဒေါ်လာ ၁၀ ဘီလျံထိ မြင့်တက်လာမည်ဟုမျှော်လင့် 
ထားသည်။

ဓာတ်ပုံ -  Solaire ကာစီနိုတွင် ၀န်ထမ်းများက ဖွင့်ပွဲမတိုင်မီ လေ့ကျင့်မှုများ ပြုလုပ်နေစဉ် (Photo - AFP)

Ref:AFP
Eleven Media Group 

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here