Sunday, March 17, 2013

ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူး

0 comments
မတ်(၁၇)
၁၃၆ဂရမ် (၄ဒဿမ ၈အောင်စ)မျှ အလေးချိန်ရှိသည့် ကျည်ခြောက်တောင့် ထည့်သွင်းပစ်ခတ်၍ရသော ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူးဆုံလည် သေနတ်ကြီးကို ပိုလန်နိုင်ငံတွင် ရိုင်ဆက်တိုဘီဆိုသူက စတင်တီထွင်လိုက်ပါပြီ။ အဆိုပါဆုံလည် ခြောက်လုံးပြူးဖြင့်ပစ်လျှင် ၁၆၄ပေ(၅၀မီတာ)အကွာမှ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည်။ ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူးကြီးကို ရီမင်တန် မော်ဒယ်အမှတ် ၁၈၅၈ပုံစံအတိုင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ယင်းလက်နက်ကြီးကို တည်ဆောက်ရန် နာရီပေါင်း ၂၅ဝဝကြာမျှ အချိန်ကုန်ခဲ့ရပြီး သေနတ်အစိတ်အပိုင်း အများစုကို လက်ချည်းသက်သက် တည်ဆောက်ခဲ့ရသည်ဟု မစ္စတာတိုဘီက ရှင်းပြသည်။ အဆိုပါသေနတ်ကြီးသည် ၉၉ဒဿမ၂ပေါင် (၄၅ကီလိုဂရမ်မျှ) အလေးချိန်ရှိပြီး အလျားလေးပေကျော် (၁ဒဿမ၂၆မီတာ) အမြင့်တစ်ပေကျော် (၄ဝစင်တီမီတာ) မျှရှိသည်။

ပြည်မြန်မာ

ပည်မြန်မာ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here