ကျွန်တော်က ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်က
ရှမ်းလူမျိုးးစစ်စစ်တစ်ဦးပါ၊ ဒီဒေသမှာမွေးဖွားပြီး ဒီဒေသ မှာပဲကြီးပြင်းခဲ့ပါတယ်၊ မိဘတွေကလည်း
ဗမာအစိုးရကပြောပြောနေတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးစိတ်ဓါတ် ရှိတယ်လို့ပဲ ပြောပြော၊ ကျွန်တော်တို့လူမျိုးတွေနဲ့
ကျွန်တော်တို့ရှမ်းပြည်နယ်ကြီးကို ချစ်ခင်တဲ့သူတွေပါ၊ ဒါကြောင့် ကျွန်တော်လည်း ကလေးဘဝကတည်းက
မိဘတွေရဲ့ဆိုဆုံးမမှုနဲ့ ကိုယ့်ပြည်နယ်ကိုယ့်လူမျိုးကို ချစ်ခင်တွယ်တာ ခဲ့ပါတယ်။
ကျွန်တော်မွေးကတည်းက ကျွန်တော်တို့ဒေသက မအေးချမ်းခဲ့ပါဘူး၊
ကျွန်တော်တို့ရှမ်းစစ်တပ်နဲ့ ဗမာ စစ်တပ်ရဲ့ စစ်ပွဲတွေ ကြားးမှာ ကျွန်တော်ကြီးပြင်း
လာခဲ့ရပါတယ်၊ စာလည်းကောင်းကောင်း မသင် နိုင်ခဲ့ပါဘူး၊ ဗမာစာ ရေးတတ်ဖတ်တတ်လောက်ပဲ သင်ခဲ့ရပြီး
မိဘတွေနဲ့အတူတူ တောင်ယာ လုပ်ကိုင်စားသောက်ခဲ့ပါတယ်။
ဒီစစ်ပွဲတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မိသားစု
ကတော့ ဗမာစစ်တပ်ဟာ ကျွန်တော်တို့ရှမ်းလူမျိုး တွေကို နှိပ်စက် အနိုင်ကျင့်တယ်၊ ကျွန်တော်တို့ရှမ်းပြည်ကို
လာကျူးကျော်တယ်လို့ ယူဆကြပါတယ်၊ ရှမ်းစစ်တပ် ကိုတော့ ကိုယ့်လူမျိုးဖြစ်တာရယ်၊ ရှမ်းပြည်လွတ်လပ်ရေး
အတွက် တိုက်နေတာရယ်လို့ ယူဆပြီး အစစအရာရာ အားပေးထောက်ခံခဲ့ကြပါတယ်၊ သူတို့ တောင်းတဲ့
ဆန်၊ ငွေကြေးကိုလည်း မရှိတဲ့အထဲက လိုလိုလားလားပေးခဲ့ကြတာပေါ့၊ ရှမ်းစစ်တပ်မှာ စစ်သား
လုပ်ဖို့ ခေါ်တော့လည်း ကျွန်တော့်အစ်ကို ကိုထည့်ပေးလိုက်ပါတယ်၊ ကျွန်တော်ကတော့ မွေးကတည်းက
ခြေထောက် တစ်ဖက် သိမ်နေလို့ မလိုက်ရ ပါဘူး။
ပစ်သံခတ်သံတွေ ရပ်သွားပေမယ့် ကျွန်တော်တို့ရှမ်းစစ်တပ်ရဲ့
ဆက်ကြေးတောင်းတာ၊ ရိက္ခာ တောင်း တာတွေ ကတော့ ပိုပြီးများလာတော့တာပါပဲ၊ အရင်က ဗမာစစ်တပ်မသိအောင်
ခိုးကြောင် ခိုးဝှက်လုပ် ခဲ့ပေမယ့် အခုကြတော့ ပေါ်ပေါ်ထင်ထင် တောင်းလာပါတယ်၊ အရင်က လိုလို
လားလားနဲ့ သူတို့တောင်း တာပေးခဲ့တဲ့ ကျွန်တော်တို့မိသားစုတောင် မပေးချင်၊ မပေးနိုင်တော့တဲ့
အခြေ အနေဖြစ်လာပါတယ်၊ ဒီနေရာမှာ တစ်ခုသတိထားမိတာကတော့ ဗမာစစ်တပ်ဟာ အရင်ကလို အနိုင်ကျင့်နှိပ်စက် တာ၊ ပေါ်တာဆွဲတာ၊ စားစရာသောက်စရာတွေကို ပိုက်ဆံမပေးဘဲ ယူတာတွေကို မတွေ့ရ၊
မကြားရ သလောက် ဖြစ်သွားတာပါ။
အခုအချိန်ဟာ ကျွန်တော်တို့လယ်သမားတွေအတွက်
လယ်ရိတ်သိမ်းတဲ့အချိန် တဖြည်းဖြည်းနီးကပ် လာပါပြီ၊ လယ်ရိတ် ဖို့ပြင်ဆင်နေကြတုန်းမှာပဲ
ကျွန်တော်တို့ရှမ်းစစ်တပ်က လာမယ့်ရှမ်းနှစ်သစ်ကူး ပွဲကို လွယ်တိုင်းလျှံမှာပေးရမယ်၊သတ်မှတ်
ထားတဲ့လူတစ်ယောက်လျော့ရင် ၁ဝ သိန်းပေးရမယ် ဆိုပြီး လုပ်လာပြန်ပါတယ်၊ တစ်ချို့ရွာတွေမှာဒီ့ထက်
ပိုတယ်လို့ ကြားရပါတယ်။
သူတို့ရှမ်းစစ်တပ်မှာစစ်သားလုပ်ဖို့ ရွာမှာရှိတဲ့အရွယ်ကောင်း
ယောကျာ်း၊ မိန်းမတော်တော် များများ လည်းပြီးပြီ၊ အခုလည်း ကျွန်တော်တို့ရွာလေးက အိမ်ခြေ
၎ဝ လောက်ပဲရှိပြီး အရွယ်ကောင်း ကျား၊ မ ၁ဝဝ တောင်မပြည့်ပါဘူး၊ ရှမ်းစစ်သား လုပ်ဖို့ပေးပြီးတာတောင်
လွယ်တိုင်းလျှံသွားဖို့ ရွာက ၁၅ ယောက် ထပ်တောင်းပါတယ်၊ အဲဒီ ၁၅ ယောက် အတွက် ခရီးစရိတ်
သိန်း ၃ဝ ကိုရွာက ဘယ်လို ပေးရမလဲ၊ ဒါနဲ့ ရွာလူကြီးက ရှမ်းစစ်တပ်ကလူကြီးကိုသွားတောင်းပန်တာ
ဘယ်လိုမှ မရပါဘူးဗျာ၊ သူတို့သတ်မှတ်တဲ့နေ့ မပေးနိုင်တော့ နောက်ရက်မှာဗမာစစ်တပ်မရှိတုန်း
ရွာကိုရောက်လာပြီး တွေ့တဲ့ အရွယ် ကောင်း ရွာသားတွေကကြိုးတုပ်ပြီး ခေါ်သွားတော့တာပဲ၊ အသက်
၁၅နှစ်တောင် မပြည့်သေးတဲ့ ကျွန်တော့် သားလေး လည်းပါသွားတော့တာပေါ့၊ ခရီးစရိတ် ဆိုပြီးသူတို့
တောင်းတဲ့ ငွေကိုလည်း ရွာသားတွေခဗျာ ရှိတာပေါင်နှံရောင်းချပြီး ပေးလိုက်ရပါတယ်၊ တစ်ချို့ကျတော့
ခိုးစိုက်ထားတဲ့ ဘိန်းခင်းကိုလက်ညှိုးထိုး၊ ဘိန်းကုန်သည် ဆီကငွေကြိုယူပြီး ပေးရပါတယ်၊
ဒီလိုနဲ့ ငွေမရှိလို့ဘိန်းစိုက်၊ ဆက်ကြေးပေး ၊ ငွေလိုတော့ဘိန်းပြန်စိုက်နဲ့ ကျွန်တော်တို့
ရှမ်းတွေ ဘိန်းသံသရာထဲမှာ လည်နေ ကြဦးမှာပါ။
ကျွန်တော့်အိမ်မှာက မိသားစုရှိတာ ကျွန်တော်၊
ကျွန်တော့်မိန်းမ၊ သားကြီးနဲ့ သမီးငယ် ၄ ယောက်ပါ၊ ကျွန်တော်က ခြေထောက်မသန်၊ သားကြီးကိုရှမ်းစစ်တပ်က
ခေါ်သွားဆိုတော့ ကျွန်တော့် လယ်တွေ ရိတ်သိမ်းဖို့ တော်တော်အခက် တွေ့နေရပါတယ်၊ မိန်းမကလည်း
တီဗွီ ရောဂါသည်ပါ၊ ကျွန်တော့် သားကိုလည်း လွယ်တိုင်းလျှံကိုရှမ်းနှစ်သစ်ကူးပွဲတက်ဖို့
ခေါ်သွားတယ်ဆိုပေမယ့် အိမ်ပြန်လာဖို့ မလွယ်တော့မှန်း ကျွန်တော်သိပါတယ်၊ ရှမ်းစစ်သားဘဝကို
အတင်းသိမ်းသွင်း ကြမှာပါ။
ကျွန်တော့်မိသားစုလို ဒုက္ခရောက်နေကြတဲ့ ရှမ်းတိုင်းရင်းသားတွေအများကြီး
ရှိကြမှာပါ၊ လွယ်တိုင်းလျှံ သွားဖို့အတွက် ကျွန်တော်တို့ လဲချားတစ်မြို့နယ်ထဲမှာတောင်
ရွာသား ရာ/ထောင် ချီပြီး အတင်းခေါ်သွား ကိုး။ ပျော်ပျော်ပါးပါး ဆင်နွှဲချင်ကြတာပေါ့၊ ဒါပေမယ့်
လွယ်တိုင်းလျှံမှာ လုပ်မယ့်ပွဲကိုတော့ အများစုက မလိုက်ချင်ကြ ။ရှမ်းနှစ်သစ်ကူးပွဲဆိုတာ
ကျွန်တော်တို့ ရှမ်းလူမျိုး တွေ အတွက် အထွဋ်အမြတ်ထားတဲ့ ပွဲတစ်ခုပါ၊ ခရီးအလွန်ဝေးတာရယ်၊
ခရီးစရိတ်များတာ ရယ်၊ လမ်းမှာ ဗမာစစ်တပ်နဲ့တိုးရင် အန္တရာယ် ရှိတာရယ်၊ နောက်ပြီး ရှမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို
မကြည်ညို တော့တာရယ်၊ ဒါတွေကြောင့်ဖြစ်မှာပါ။
ဒါ့ကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး၊ ရှမ်းလူမျိုးတွေ
တိုးတက်ရေးကြွေးကြော် နေတဲ့ စဝ်ရွက်ဆစ်ရဲ့ ရှမ်းစစ်တပ်က ကိုယ့်ရှမ်းအချင်းချင်းဒုက္ခပင်လယ်ဝေအောင်
ဘာဖြစ်လို့ဇွတ်လုပ်နေ ရတယ် ဆိုတာကို ကျွန်တော်တို့ မစဉ်းစားတတ်တော့ ပါဘူး။ အရင်က ရှမ်းစစ်တပ်ဆိုရင် မျက်စိစုံမှိတ်ပြီး
အားပေးထောက်ခံ ခဲ့တဲ့ ကျွန်တော်တောင် သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး တဖြည်းဖြည်းရွံ့မုန်းလာပါတယ်၊
ကျန်တဲ့ရှမ်းလူမျိုး အများစုလည်း သူတို့ကိုကြောက်လို့သာ ကြိုက်ချင်ယောင် ဆောင်နေ ကြပြီး
ကျွန်တော့် လိုပဲ ဖြစ်ကြမှာပါ။
ကျွန်တော်တို့ရွာက ဘုန်းကြီးးဟောဖူးပါတယ်
'' အများကမကြိုက်တဲ့၊ အများက မကြည်ညိုတဲ့၊ အများက မထောက်ခံတဲ့ သူ/အဖွဲ့အား တစ်ချိန်ကြရင်
အဝီစိကိုရောက်တဲ့ အထိ ကျဆုံးမှာပဲ '' တဲ့၊ ဒီအဆိုအမိန့်ကို ရှမ်းပြည် တိုးတက်ြကီးပွား
အောင် လုပ်နေတယ်ဆိုတဲ့ စဝ်ရွက်ဆစ်ရဲ့ ရှမ်းစစ်တပ်က လူကြီးတွေ သိကြား စေချင်ပါတယ်။ကျွန်တော့်ရဲ့ခံစားချက်တွေကို စာချောအောင်ရေးသားကူညီပေးတဲ့
မြို့က ဆရာလေးကို လည်း ကျေးဇူး အထူးတင်ပါ တယ်။