Friday, March 29, 2013

ကျိုင်းလပ်မြို့နယ်တွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွား.

0 comments


မတ်(၂၉)


ရှမ်းပြည်နယ်၊ ကျိုင်းလပ်မြို့နယ်အတွင်း မတ်လ ၂၇ ရက်နေ့တွင် တာလေမြို့မှ မောင်းနှင်လာသော ဆိုင်ကယ်နှင့် ကျိုင်းလပ်မြို့မှ ထွက်ခွာသွားသော ကားတစ်စီးသည် မိုင်တိုင်အမှတ်(၂၅) မိုင်အနီး တွင် မျက်နှာချင်းဆိုင် တိုက်မိပြီး ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြကြောင်း သိရသည်။
မတ်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုင်းလပ်မြို့နယ်ခွဲမှ ယာဉ်မောင်း အိုက်ငင်း မောင်းနှင် လာသော လိုင်စင်မဲ့ကား တိုက်ဂါး (ခဲရောင်) ယာဉ်နှင့် တာလေမြို့နယ်ခွဲဘက်မှ ယာဉ်မောင်း မာကု မောင်းနှင်ပြီး ကျရူး စီးနင်းလာသော ဝေ့လ်(အပြာရောင်)ဆိုင်ကယ် တို့သည် မိုင်တိုင်အမှတ်(၂၅)မိုင် အနီးတွင် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော မာကုနှင့် ကျရူးတို့ ၂ ဦးအား ကျိုင်းလပ်မြို့နယ် ပြည်သူ့ဆေးရုံ မှတစ်ဆင့် တာချီလိတ်မြို့ ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းပြီး ဆေးကုသမှုပြုလုပ်နေကြောင်း သိရပြီး ၎င်းတို့ ၂ ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်း အိုက်ငင်းအား ကျိုင်းလပ်မြို့နယ်ခွဲရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း လည်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here