မတ်(၂၂)
ပထမအကြိမ်ပြည်သူ့လွှတ် တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင်
ရှမ်း ပြည်တောင်ပိုင်းအင်းလေးဒေသ ညောင်ရွှေမဲဆန္ဒနယ်မှပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း ဆွေက ““အင်းလေးကန်တည်တံ့
ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအတွက် ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ်မှ
နှစ်ရှည်စီမံကိန်း များဆောင်ရွက်နေကြောင်းကြား သိရပါတယ်။နံပတ် (၁)၊
မေးခွန်း အနေနဲ့အင်းလေးကန်ထိန်းရေး အတွက် ရန်ပုံငွေများကို မည်သို့ သော
အဖွဲ့အစည်းများသို့ မည် သည့်နေရာများတွင် အကောင် အထည်ဖော် ဆောင်ရွက်
နေသည်ကို ရှင်းလင်းစွာသိ လိုပါတယ်။ နံပတ် (၂) မေး ခွန်းအနေနဲ့ မည်ကဲ့သို့
စည်းမျဉ်း စည်းကမ်းများနဲ့ရန်ပုံငွေရရှိရေး လျှောက်လွှာတင်သွင်းရမည်ကို
သိရှိလိုပါတယ်။ နံပတ် (၃)၊ မေး ခွန်းအနေနဲ့ နိုင်ငံတော်ရဲ့ မူဝါဒ အရ
ဗဟိုချုပ်ထိန်းမှုလျှော့ချ၍ ရန်ပုံငွေအချို့ကိုခွဲဝေသုံးဆွဲခွင့်
ပြုနိုင်မပြုနိုင်သိရှိလိုပါကြောင်း မေးမြန်းချက်အပေါ် ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့်သစ်တောရေး ရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဒေါက်တာဒေါ်သက်သက်ဇင်က ပထမမေးခွန်းအတွက် ကုလသမဂ္ဂ အစီအစဉ်ဖြင့်
အမေရိကန်ဒေါ်လာ ခြောက်သိန်း၊နော်ဝေနိုင်ငံအစိုးရ က
အမေရိကန်ဒေါ်လာနှစ်သန်း စုစုပေါင်းဒေါ်လာ ၂.၆သန်းဖြင့်
အင်းလေးကန်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်း များကို
ကဏ္ဍအသီးသီးမှစီမံကိန်း ဆောင်ရွက်နေတဲ့အစိုးရအဖွဲ့အစည်း
များ၊ကုလသမ္မဂ္ဂအစီအစဉ် ယူနိုက် တက်နေးရှင်း၊ဒီပလော့မန့်ပလို ဂရမ်၊ UNTV
မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်နှင့်လက်တွေ့ကြီး ကြပ်ဆောင်ရွက်နေသည့်အဖွဲ့
အစည်းများသို့တိုက်ရိုက်ထုတ်ပေး လျက်ရှိပါတယ်။အစိုးရဌာနက
ထုတ်ပေးခြင်းမဟုတ်ဘဲ UNTV တို့ကဆောင်ရွက်တာပါ။ဒါကြောင့်
အခြားအဖွဲ့အစည်းများသို့ခွဲဝေ သုံးစွဲခွင့်မရှိပါကြောင်းရှင်းလင်း
သွားပါသည်။
hot news
hot news