Saturday, March 30, 2013

ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦ ဖျက်ဆီးသူများအား ဖမ်းဆီးအရေးယူ

0 comments
မတ်(၃၀)
 ၂၈-၃-၂၀၁၃ ရက်နေ့ ၀၃၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆x၆၆ လမ်းထောင့်ရှိ ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦအား လူငယ်(၄)ဦးမှ ရိုက်ချိုးဖျက်ဆီးနေကြောင်းသတင်းအရ အမှတ်(၃)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦ၏မှန်များ၊
မီးပွိုင့်ပုံးမှမီးကြိုးများပျက်စီးနေပြီး အဆောက်အဦ အတွင်းရှိ တာဝန်ကျမှတ်တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးထားပြီး တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့ကြောင်းတွေ့ရှိရ သဖြင့် တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

ထိုသို့စုံစမ်းနေစဉ် ၁၉ လမ်း၊ ၆၃x၆၄ လမ်းကြားတွင် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ရွာနေ အောင်ဖြိုး(၁၈)နှစ်နှင့် တစ်ရွာတည်းနေ ၀င်းကိုကျော်(၂၂)နှစ်တို့ ၂ ဦးအား အရှည်(၃)ပေခန့်၊ အနံ(၁)လက်မခွဲခန့်၊ ထု(၁)လက်မခန့်ရှိ သံကြမ်းပြား(၁)ချောင်း၊

ဆိုင်ကယ်(၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ပုသိမ်ကြီး မြို့နယ်၊ ဘူးကုန်းရွာနေ အောင်ကိုကို(၁၉)နှစ်နှင့် ထက်အောင်(၁၇)နှစ်တို့ ၂ ဦးအား ၎င်းတို့၏နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဖြိုး၊ ၀င်းကိုကျော်၊ အောင်ကိုကိုနှင့် ထက်အောင်တို့ ၄ ဦးအား မန္တလေးအမှတ်(၃)ရဲစခန်း (ပ)၁၂၃/၂၀၁၃၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့်လည်းကောင်း၊

(ပ)၁၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၃၆ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားကြောင်းနှင့် အချက်ပြမီးပွိုင့်အား တာဝန်ရှိသူများ က ပြန်လည်ပြုပြင်ခဲ့ရာ ၀၉၃၀ အချိန် ပြုပြင်ပြီးစီးခဲ့သဖြင့် မီးအချက်ပြသမှု ပုံမှန်ပြသလျှက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here