Friday, March 29, 2013

ကုလသမဂ္ဂလက်နက်ရောင်းဝယ်ရေးသဘောတူညီမှုဆွေးနွေးပွဲ နောက်ဆုံးအဆင့်ရောက်ရှိ

0 comments
မတ်(၂၉)
display_image.php

ပထမဆုံးသဘောတူညီမှု စာချုပ်ဖြစ်သည့် နျူကလီးယားမဟုတ်သော လက်နက်များ ရောင်းဝယ်ရေး သဘောတူညီချက်စာချုပ်တွင် လက် မှတ်ထိုးမည့်အရေးကို  ယခုတစ်ပတ် ကြာသပတေးနေ့တွင် ဆုံးဖြတ်ချက်များ ချမှတ်မည်ဖြစ်ရာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃နိုင်ငံတို့သည် “သဘောတူညီမည် သို့မဟုတ် ငြင်းပယ်မည်” ဟူသော မူကြမ်းကို သေချာစွာ စဉ်းစားနေကြကြောင်း သိရသည်။
ညှိနှိုင်းရေး အစည်းအဝေးဥက္ကဌဖြစ်သည့် သြစတြေးလျမှ နိုင်ငံရေးသမားပီတာ ဝူးလ်ကော့သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို၉ရက်ကြာမရပ်မနားဆွေးနွေးကြသည့်ဆွေးနွေးပွဲမှ ဆွေးနွေးပွဲနောက်ဆုံးမူ
ကြမ်းကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
“နောက်ထပ် ပြင်ဆင်တာမျိုး စဉ်စားမှာမဟုတ်ဘူး၊ လက်ခံမလား၊ ငြင်းမလား၊တစ်ခုခုရွေးရုံပဲ” ဟု မစ္စတာဝူးလ်ကော့က အစည်းအဝေးတွင် အကြီးစား လက်နက်ထုတ်လုပ်သည့်နိုင်ငံများက အထူးပြုလေ့လာပြီးသည့် မူကြမ်းကိုတင်ပြစဉ် ပြောကြောင်း သိရသည်။
ကြာသပတေးနေ့တွင် မည့်သည့်နိုင်ငံသည် သဘောတူညီချက်အတွက်လိုအပ်သည့် သဘောတူညီမှုကို တားဆီးမည် သို့မဟုတ် မစ္စတာ ဝူးလ်ကော့ အဆိုတင်သွင်းထားသည့်မူမှ မည်သူတို့ ကွဲထွက်မည်ကို ရှင်းလင်းစွာမသိရသေးကြောင်း သိရသည်။
နိုင်ငံရေးသမားများက အကောင်းမြင်မှုများ ရှိကြသော်လည်း ကြာသပတေးည သန်းခေါင်အချိန်အထိ သဘောတူညီချက်မရရှိလျှင် ၇ နှစ်ကြာ ကြိုးပမ်းခဲ့ရသည့် ပစ်စတိုမှ တိုက်လေယာဉ်နှင့် စစ်သင်္ဘောအထိအကြုံးဝင်မည့် ပထမဆုံးလက်နက်ရောင်းချမှုသဘောတူညီချက်စာချုပ် ဖြစ်မြောက်ရေးကြိုးပမ်းမှုပြိုလဲသွားမည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်ညှိနှိုင်းရေးမှူးဂျိုအာနီအဒမ်ဆမ်က ဆွေးနွေးပွဲစစဉ်ကတည်းက“သိသာသော ပြောင်းလဲတိုးတက်မှုများ” လုပ်ခဲ့ကြောင်း ပြောပြီးချိန်မှ စ၍ ပြောင်းလဲမှုများ ရှိခဲ့သည်။
“ဒါဟာ ကျွန်တော်တို့ လိုချင်တဲ့အရာ အကုန်မဟုတ်ပါဘူး၊ ဒီသဘောတူညီချက်ကြောင့် လက်နက်ရောင်းဝယ်မှု ဈေးကွက်အနေနဲ့တော့ ထိ ခိုက်မှုတွေ ရှိမယ်၊ ပြီးတော့ သတ်မှတ်ထားတဲ့ စံနှုန်းတွေ ရှိပါတယ်”ဟု ဥရောပ-ကုလသမဂ္ဂ သံအမတ်တစ်ဦးဖြစ်သူက ပြောကြားခဲ့သည်။
သဘောတူညီချက်စာချုပ်တွင် နိုင်ငံတကာဈေးကွက်တွင် လက်နက်ရောင်းဝယ်မှုကို နိုင်ငံတစ်နိုင်ငံချင်း လိုက်စစ်ဆေးမှုတွေ လုပ်ရန်ပါရှိပြီး တချို့ အုပ်စုများကတစ်နှစ်လျှင် ဒေါ်လာဘီလျံ၈၀ တန်ဖိုး ရောင်းချနေသည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
အမေရိကန်၊ ရုရှား၊ ဂျာမဏီ၊ ပြင်သစ်၊ တရုတ်နှင့် ဗြိတိန်နိုင်ငံတို့သည် ၂၀၁၂ခုနှစ်အတွက် ကမ္ဘာ့အကြီးဆုံး လက်နက်ရောင်းချသည့် နိုင်ငံများ ဖြစ်ကြောင်း သဘောတူညီချက်စာချုပ် ဆွေးနွေးပွဲ အစဦးဆုံးနေ့တွင် စတော့ဟုန်း နိုင်ငံတကာ ငြိမ်းချမ်းရေး လေ့လာစူးစမ်းရေးအဖွဲ့က ပြော ကြားကြောင်း သိရသည်။
ယခု သဘောတူညီချက်စာချုပ်သည် လက်နက်ရောင်းသည့် နိုင်ငံများအနေနှင့် ဝယ်ယူသူများသည် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်တိုက်ရန်၊ အကြမ်းဖက်မှုများအတွက်သုံးရန် ရည်ရွယ်သည်၊ မရည်ရွယ်သည်ကို အလေးအနက်ထား စစ်ဆေးပြီး ရောင်းချရန် ဖိအားပေးရန် ရည်ရွယ် သည့် အစီအစဉ်ပါဝင်ကြောင်း သိရသည်။
အစိုးရမဟုတ်သော လက်နက်ရောင်းချသည့် ကုမ္ပဏီများနှင့် နိုင်ငံအများစုသည် လက်နက်ခဲယမ်းများသည် လက်နက်များကို အပြည့်အဝ ထိန်းချုပ်မှုများနှင့် မသက်ဆိုင်ကြောင်း စိတ်ပျက်စွာဆိုကြသော်လည်း အမေရိကန်နိုင်ငံကလက်နက်ခဲယမ်းများထိန်းချုပ်ခြင်းကိုလုံးဝလက်မခံ ကြောင်း ပြတ်သားစွာပြောကြား
ခဲ့ကြောင်း သိရသည်။
  မြန်မာ့ခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here