Friday, March 29, 2013

တောင်ကြီးမြို့အထွက်ရှိ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

0 comments


မတ်(၂၉)

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အထွက် သစ်တောဂိတ်အနီး တောင်ကြီး-ဟိုပုံးကားလမ်းဘေးရှိ ၀င်းမေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင် မတ်လ(၂၈)ရက်နေ့က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မတ်လ(၂၈)ရက် ညနေ(၄)နာရီခန့်တွင် တောင်ကြီးမြို့ ကံကြီးရပ်ကွက်သစ်တောဂိတ် အထွက်  တောင်ကြီး-ဟိုပုံး ကားလမ်းဘေးရှိ ၀င်းမေတ္တာစက်သုံးဆီရောင်းဝယ်ရေးဆိုင် တွင် အလုပ်သမားဟန်ဝင်းကျော်(တောင်ကြီးမြို့နေသူ)သည် ဆီ ဘောက်ဆာ(၁၂)ဆီယာဉ်မှ ဆိုင် အနောက် ဘက်ရှိ ဆီပန့်အတွင်းဆီဖြည့်ရာမှ ဆီပန့်ဂေါက်ပူလာပြီး မီးစတင်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။

အဆိုပါမီးလောင်သည့်နေရာသို့ တောင်ကြီး၊ ဟိုပုံး၊ ရွှေညောင်တို့မှ မီးသတ်ယာဉ် (၁၁)စီး ၊ ပြင်ပရေသယ်ယာဉ်(၁၀)စီး၊ မီးသတ် တပ်ဖွဲ့ဝင် (၃၀)ဦးခန့်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ဦးခန့်၊ မြို့နယ်အုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းများနှင့် ပြည်သူလူထု (၁၀၀)ဦးခန့်တို့မှ မီးငြှိမ်းသတ်ခဲ့သဖြင့် ၂ နာရီခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် စက်သုံးဆီဆုံရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း(၅၀)ခန့်နှင့် ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ်(၁၀)သိန်းခန့် ဖြစ်ကြောင်းသိရပြီး ဆီဆိုင်မှ အလုပ်သမား ဟန်ဝင်းကျော် အား တောင်ကြီးမြို့ အမှတ်(၁)ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here