Saturday, March 16, 2013

အသည်းရောင် အသားဝါ C ရောဂါကု ဆေးတစ်မျိုး မြန်မာနိုင်ငံသို့ ရောက်ရှိ

0 comments
မတ်(၁၆)
မြန်မာနိုင်ငံ၏ အသည်းရောဂါ အထူးကု ဆရာဝန် များနှင့် MSD ( Merck & Co., Inc ) ဆေး ကုမ္ပဏီ တို့ ပူးပေါင်း စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ၏ အသည်းရောင် အသားဝါ C ရောဂါ ဝေဒနာရှင် များအား ထိရောက်စွာ ကုသနိုင်ရေး အတွက် C ပိုးကို ချေဖျက် နှိမ်နင်းနိုင်သည့် ဆေးတစ်မျိုး ဖြစ်သည့် Pegintron ကို ထုတ်လုပ်၍ ကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါ ဆေးကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦထံမှ သိရသည်။

အဆိုပါ အသည်းရောင် အသားဝါ C ရောဂါပိုး နှိမ်နင်းသည့် Pegintron သည် သွေးမှ ကူးစက် စေတတ်သော သွားနှုတ်ခြင်း ၊ ဆေးမှင်ကြောင် ထိုးခြင်း ၊ အရေပြား ခွဲစိတ်ခြင်း ၊ မသန့်ရှင်းသော အစားအစာ နှင့် သောက်သုံးရေ တို့မှ ဖြစ်ပေါ် လာသည့် C ပိုးနှင့် သက်ဆိုင်သော ရောဂါများကို ထိရောက်စွာ ကုသပေးလျက် ရှိသည်။

ထို့အပြင် ရောဂါ ကာကွယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ ကာကွယ်ဆေး အမျိုးမျိုး ၊ ပဋိဇီဝ ဆေးအမျိုးမျိုး တို့ဖြင့် ပြည်သူလူထု ၏ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု နှင့် တိရစ္ဆာန်ကု ဆေးဝါးများကို နိုင်ငံပေါငး ၁၄၀ တွင် အဝေးရောက် ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု အစီအစဉ်ဖြင့် ပူးပေါင်း၍ ထိရောက်စွာ ကုသပေးလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily
အသည်းရောင် အသားဝါ C ရောဂါကု ဆေးတစ်မျိုး မြန်မာနိုင်ငံသို့ ရောက်ရှိ
ရန်ကုန် ၊ ၁၆-၃-၂၀၁၃

မြန်မာနိုင်ငံ၏ အသည်းရောဂါ အထူးကု ဆရာဝန် များနှင့် MSD ( Merck & Co., Inc ) ဆေးကုမ္ပဏီတို့ ပူးပေါင်း စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ၏ အသည်းရောင် အသားဝါ C ရောဂါ ဝေဒနာရှင် များအား ထိရောက်စွာ ကုသနိုင်ရေး အတွက် C ပိုးကို ချေဖျက် နှိမ်နင်းနိုင်သည့် ဆေးတစ်မျိုး ဖြစ်သည့် Pegintron ကို ထုတ်လုပ်၍ ကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါ ဆေးကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦထံမှ သိရသည်။

အဆိုပါ အသည်းရောင် အသားဝါ C ရောဂါပိုး နှိမ်နင်းသည့် Pegintron သည် သွေးမှ ကူးစက် စေတတ်သော သွားနှုတ်ခြင်း ၊ ဆေးမှင်ကြောင် ထိုးခြင်း ၊ အရေပြား ခွဲစိတ်ခြင်း ၊ မသန့်ရှင်းသော အစားအစာ နှင့် သောက်သုံးရေ တို့မှ ဖြစ်ပေါ် လာသည့် C ပိုးနှင့် သက်ဆိုင်သော ရောဂါများကို ထိရောက်စွာ ကုသပေးလျက် ရှိသည်။

ထို့အပြင် ရောဂါ ကာကွယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ ကာကွယ်ဆေး အမျိုးမျိုး ၊ ပဋိဇီဝ ဆေးအမျိုးမျိုး တို့ဖြင့် ပြည်သူလူထု ၏ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု နှင့် တိရစ္ဆာန်ကု ဆေးဝါးများကို နိုင်ငံပေါငး ၁၄၀ တွင် အဝေးရောက် ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု အစီအစဉ်ဖြင့် ပူးပေါင်း၍ ထိရောက်စွာ ကုသပေးလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here