Friday, March 29, 2013

မိုင်းငေါ့မြို့နယ်ခွဲရှိ တအာင်း(ပလောင်)ရွာများထံ SSPP/ SSA ရှမ်းစစ်တပ် တပ်ရင်းမှ ဆန်နှင့် ငွေများတောင်းခံနေ

0 comments
 မတ်(၂၉)


ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့နယ်ခွဲရှိ ပလောင်ရွာသူ၊ သားများထံတွင် SSPP/SSA တပ်ရင်း (၆၁၂)မှ
 ဒေသခံရွာများ ထံမှ ဆန်နှင့်ငွေများ တောင်းခံနေသည်ဟု သိရှိရသည်။

၂ဝ၁၃ ခုနှစ် မတ်လ ဒုတိယပတ်  မှစ၍ မတ်လအတောအတွင်းတွင် မိုင်းငေါ့မြို့နယ်ခွဲရှိ ပလောင်ရွာများဖြစ်သော မြို့သစ်ရွာမှ ဆန် ၁၂ဝ အိတ်နှင့် ငွေ ၂၅ သိန်းကျပ်၊ လမ်းလွယ်ရွာမှ ဆန် ၃ဝ အိတ်နှင့် ငွေ ၆ သိန်းကျပ်၊ လွယ်ဝိန်းရွာမှ ဆန် ၃ဝ အိတ် နှင့် ငွေ ၆သိန်းကျပ်၊ လွယ်လုမ်ရွာမှ ဆန် ၅ဝ အိတ်နှင့် ငွေ ၁ဝ သိန်းကျပ်၊ နမ့်တွေရွာမှ ဆန် ၁ဝဝ အိတ်နှင့် ငွေသိန်း၂ဝကျပ် စသည့်တို့ ရွာအလိုက်ကောက်ခံသည့်အပြင် အခြားသော ပလောင်ရွာ တော်တော်များများထံမှလည်း ၄င်းရွာများနည်းတူ ကောက်ခံနေသည်ဟု ဒေသခံရွာများက ပြောပြသည်။

ထိုစစ်တပ်မှ တောင်းခံထားခြင်းအပေါ် တချို့ရွာများက ပေးပြီး၊ တချို့ရွာများက ပေးရန်အတွက် အခက်အခဲရှိနေသောကြောင့် နောက်မှ ပေးရန်တောင်း ပန်ထားသည်။

ဒေသခံများ ပြောပြချက်အရ - “ယခုဆိုရင် ရွာမှာလဲ စီးပွားရေး အဆင်မပြေကြဘူး၊ သူတို့တောင်းထားတဲ့ ဆန်တွေ၊ ငွေတွေ ပေးဖို့အတွက် အခက်အခဲအရမ်းရှိတယ်၊ ရွာတော်တော်များများတော့ မပေးနိုင်ကြသေးဘူး၊ အဲဒီအတွက် ကျနော်တို့ စိတ်ညစ်နေရတယ်၊ ရွာသားတွေကလည်း စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တွေနဲ့နေနေကြရတယ်” ဟုပြောကြားခဲ့ပါသည်။

“ယခုဆိုရင် ရွေဖီချိန်လည်းရောက်နေပြီ၊ လက်ဖက်တွေလည်း စနုနေပြီ၊ လက်ဖက်ခူးသူများကိုလည်း ယခင်နှစ်တုန်း ကလို ခေါ်လို့အရမ်းခက်တယ်၊ စစ်ဖြစ်မှာ ကြောက်တော့ သိပ်မလာရဲကြတော့ဘူး၊ ယခုဆိုရင် ပလောင်ရွာတော် တော်များများက ဒီလိုအခက်အခဲနဲ့ ရင်ဆိုင်နေရသည်ဟု ၄င်းဒေသခံရွာများက ထပ်မံပြောကြားခဲ့ပါသည်။

SSA တပ်ရင်းတို့သည် ပလောင်ရွာများထံမှ ၄င်း ဆန်၊ ငွေများ တောင်းခံသည့် အပြင် စစ်သားများလည်း
 ကောက်ခံနေသည်ဟု သိရှိရသည်၊၊ ထိုကောက်ခံရရှိသော စစ်သားများကိုလည်း စစ်သားအဖြစ်မလုပ်
လိုပါက  ထိုစစ်သားများအား ရွာသားများမှ ငွေဖြင့် ပြန်လည် ရွေးယူနေရသည်ဟု ကြားသိရပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံး
သတင်းမှတ်တမ်းနှင့်သုတေသနဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here