Friday, March 29, 2013

မြန်မာ့ဖွံ့ဖြိုးရေးအတွက် ယန်း ဘီလျံ ၅၀ ကျော် ဂျပန်က ထုတ်ချေးမယ်

0 comments
မတ်(၂၉)
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၃ ခု အတွက် ချေးငွေအဖြစ် ဂျပန်နိုင်ငံက ယန်းငွေ ဘီလျံ ၅၀ ကျော်ကို ထုတ်ချေးပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ NUMATA က အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဒေါက်တာကံဇော်ကို ယမန်နေ့က ပြောလိုက် ပါတယ်။ 


ဂျပန်ရဲ့ စုစုပေါင်း ချေးငွေဟာ ဂျပန်ယန်း ၅၁. ၀၅၂  ဘီလျံ( အမေရိကန် ဒေါ်လာ ၅၃၇သန်းခန့်) မြန်မာ 
နိုင်ငံ ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ပထမအဆင့် ဖြစ်တဲ့ အဆောက်အအုံ၊ လမ်း၊ တံတား၊ လျှပ်စစ်နဲ့  
သောက်သုံး ရေ ရဖို့အတွက် ဂျပန် ယန်းငွေ ၁၇ ဘီလျံ ကို ကူညီမှာဖြစ်ပါတယ်လို့ ယနေ့ထုတ် နိုင်ငံ ပိုင် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

စီမံကိန်း အဆင့် ၂ ဖြစ်တဲ့ ဆင်ခြေဖုန်းနဲ့ ဓာတ်အားပေးစက်ရုံတွေ၊ ဓာတ်အားပေးစက်ရုံခွဲတွေနဲ့ပတ် သက်ပြီး အလျင်အမြန် ပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ အဆင့်မြှင့်တင်ဆောင်ရွက်ရ မယ့် လုပ်ငန်း စီမံကိန်း အတွက် ဂျပန် ယန်းငွေ ၁၄.၀၅၄ ဘီလျံ၊ တတိယ စီမံကိန်း ဖြစ်တဲ့ သီလ၀ါ အထူးစီးပွားရေး ဇုံ အတွက် ဂျပန် ယန်း ၂၀ ဘီလျံကို ထုတ်ချေးသွားမှာဖြစ်ပါတယ်။ 

အတိုးနှုန်းကို ၀.၀၁ ရာခိုင်နှုန်းနဲ့ နှစ်ပေါင်း ၄၀ ကာလမှာ မြန်မာက ဂျပန်ကို ပြန်လည်ပေးဆပ်သွားရမှာ 
ဖြစ်ပါတယ်။ 
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here