Saturday, April 27, 2013

26.4.2013 မှ 2.5.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

0 comments
ဧပြီ(၂၇)


တနင်္ဂနွေ

ကံဇာတာကောင်းမည်။ နှစ်သစ်ကူးမှာ မြူးစရာ တွေ ကြုံမည်။ အချစ်သစ်တွေ့မည်။ အလုပ်အကိုင် သစ်ရမည်။ အလုပ်နှင့် နေရာဒေသ ပြောင်းမည်။ ခရီးဝေး တစ်ခုရောက်မည်။ မရွယ်ဘဲ စော်ကဲ မင်းဖြစ် ကိန်းမျိုးကြုံမည်။ ခြေ နှင့် လက် ခိုက်မိမည်။ ကြီးသောသူ၏ အထင်လွဲခြင်းခံရမည်။


အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။

အထူးဟော - ကံကောင်းခြင်းတွေရမည်။

ယတြာ - အိမ်ဘုရားကို ရေအေးလှူပါ။



တနင်္လာ

အားလုံးအဆင်ပြေမည်။ ပြောသမျှအောင်မြင်မည်။ လုပ်သမျှ အဆင်ပြေမည်။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေမည်။ မင်္ဂလာဆောင်ဖြစ်မည်။ တစ်ခါတရံ တယူသန် လုပ်ရပ်က အဆင်ပြေသွားမည်။ စီးပွားရေး စပ်တူ လုပ်လျှင် အောင်မြင်မည်။ ထီစပ်တူထိုးလျှင် ပေါက်မည်။ တောင်အရပ်က ထီဆိုင်ကို ထိုးပါ။ ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီမှ ၈ နာရီ အတွင်း ထိုးပါ။ ပေါက်ကိန်းရှိသည်။ ငွေစုလိုက် ၀င်လာလျှင် ယတြာကျေတတ်သည်။ သူများအ ရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်၍ ဂရုစိုက်ပါ။ ဆွေမျိုးအတွက် စိတ်ရှုပ်ရတတ်သည်။

အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇။

အထူးဟော - အတိုက်အခံတွေကျော်၍ အောင်မြင်မည်။

ယတြာ - တနင်္လာနေ့ တွင် အရှေ့အရပ်သို့ ငါး (၁၅) ကောင် လွှတ်၍ ဆုတောင်းပါ။



အင်္ဂါ

ဤတစ်ပတ်မှာ အထစ်အငေါ့ လေးတွေ ဖြစ်တတ်သည်။ ပထမအကြိမ်တွင် အဆင်မပြေသော်လည်း ဒုတိယအကြိမ်မြောက်တွင် အဆင်ပြေလာမည်။ ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဖက်၏ ယုံကြည်မှုတွေပြန်ရမည်။ သို့သော် သင်၏ လျှို့ဝှက် ကိစ္စတွေ သင့်အိမ်ထောင်ဖက်ကို လာပြောသူပေါ်မည်။ စက်ပစ္စည်း ချို့ယွင်း တတ်၍ ဂရုစိုက်ပါ။ အများအကျိုး ဆောင် ကိုယ့်အကျိုးအောင်မြင်မှု့ရမည်။ ရာထူးမုချတတ်မည်။ ၀င်ငွေကောင်းလာမည်။ 

အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။

အထူးဟော - ဇွဲရှိဖို့လိုပါသည်။

ယတြာ - အင်္ဂါနေ့နံနက်တွင် အောင်သပြေ (၁၉) ညွန့်ဘုရားလှူပါ။



ဗုဒ္ဓဟူး

ကံကောင်းသော ရက်တွေ ဖြစ်နေပါမည်။ အချစ်ရေး ၊ ပညာရေး ၊ စီးပွားရေး တွေ မုချအောင်မြင်လာပါမည်။ အကြောင်းကြောင်းတွေကြောင့် ခရီးသွားများမှာပါ။ အပေါင်းအသင်းအသစ်တွလည်း ရပါမည်။ အဟောင်းတွေကလည်း ကူညီမှု့ ပြုလာကြမည်။ လက်ဆောင်များရမည်။ အောင်ဘာလေထီကို ၇ ဂဏန်းများများဖြင့် ထိုးပါ။ ပေါက်မည်။ မိဘဆွေမျိုးသားချင်းတို့ကလည်း သင့်ကိုချစ်လာကြမည်။ အားလုံး အခြေအနေကောင်းမည်။ အဆင်ပြေမည်။ 

အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။

အထူးဟော - ပျော်ရွှင်ရမှာပါ။

ယတြာ - သက်ကြီးရွယ်အိုတွေကို ရေလှူပါ။ 



ကြာသပတေး

ဇွဲရှိခြင်း ၊ ကွက်ကျော်မြင်ခြင်း ၊ ရည်ရွယ်ချက်ကြီးခြင်း တို့ကြောင့် အဆင်ပြေလာလိမ့်မည်။ နေရာဒေသသစ် (သို့မဟုတ်) အိမ်အသစ် အလုပ်အကိုင် အသစ်ကူးပြောင်းမည်။ မမျှော်လင့်သောခရီး တွေရောက်မည်။ မင်္ဂလာရက် ၊ အလုပ်အကိုင် ရက်တို့ ရက်ရွှေ့မှု တစ်ခုခု ဖြစ်တတ်သည်။ သို့သော် အောင်မြင်မည်။ ကျန်းမာရေး ၀မ်းဗိုက်ဂရုစိုက်ပါ။ ၀မ်းပျက် ၊ ၀မ်း လျှော ၊ ၀မ်းကိုက်တတ်သည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိနေသည်။ 

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၁။

အထူးဟော - တိုးတက်မှု့ရှိသည်။

ယတြာ - အိမ်ဘုရားကို နှင်းဆီပန်း အဖြူ ၉ ပွင့် ကပ်ပါ။ 



သောကြာ

အတွေးတခြား အလုပ်တခြား တွေဖြစ် နေတတ်သည်။ တစ်ယောက်သောသူ အပေါ်သိပ်ပြီး မယုံစား သင့်ဘူး။ တယူသန်ဖြစ်နေသော သင့်ရဲ့ စိတ်ဓာတ်ကို ဖျောက်ပစ်သင့်ပါတယ်။ မမျှော်လင့်သော ခရီးတွေ ရောက်လိမ့်မည်။ စွန့်စားသော အလုပ် တွေမလုပ်သင့်ပါ။ ကံစမ်းသော အလုပ်လည်း ဆင်ခြင်ပါ။ သေချာပြီဆိုသော အလုပ်ကို ဆက်လုပ်ပါ။ သူများစကားယုံပြီး အလုပ်မပြောင်းလိုက်ပါနှင့်။ သင်ထင်ရာမလုပ်လိုက်ပါနှင့်။ သင့်နောက်က မိသားစုကို သနားလိုက်ပါ။ စဉ်းစားပြီးမှ ဆုံးဖြတ်သင့်သည်။ 

အကျိုးပေးဂဏန်း - ၆ ၊ ၁ ၊ ၉။

အထူးဟော - လူယုံမထားရ။

ယတြာ - သောကြာနေ့တွင် အိမ်ဘုရားကို သစ်သီး (၉) မျိုး ကပ်လှူပါ။ 



စနေ

ကံကောင်းသော ကာလကို သင်ရောက်နေပြီ။ သင့်ဆန္ဒတွေ ပြည့်မည်။ ကြိုးစားခဲ့သော ရလာဒ်တွေ ပေါ်မည်။ အထင်အမြင်သေးနေသော သင့်သူငယ်ချင်း တစ်ချို့ ၏ ပြောဆို ဆက်ဆံမှု့ကို ကျော်ဖြတ်နိုင်မည်။ စီးပွားရေးလုပ်ငန်းရှင် (သို့မဟုတ်) ကုမ္ပဏီ ကြီးတစ်ခု ၏ ကူညီမှု့ အားပေးမှု့ (သို့မဟုတ်) ခန့်ထားမှုရမည်။ ကိုယ်ပိုင်လုပ်ငန်း နှင့် လစာရသော လုပ်ငန်းတို့အားပြိုင်ဝင်ရောက်လာမည်။ စွမ်းဆောင်နိုင်မည်။ အချစ်ရေး အဆင်ပြေမည်။ လက်ထပ်ရန် ချစ်သူ၏ တောင်းဆိုမှုကို ဂရုမစိုက်နိုင်ဘဲ ဆိုင်းငံ့ပစ်မည်။ လုပ်ငန်းတစ်ချို့ အကောင်အထည်ဖော်ဖြစ်မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ ၈ ထိပ် ၈ ပိတ်နှင့် ထိုးပါ။ ငွေကြေးပစ္စည်း အခိုးခံရမည်။ ပြန်မရနိုင်ပါ။ ရှယ်ယာလုပ်ငန်းမလုပ်သင့်ပါ။ လူယုံမထားရ။ အိမ်ထောင်ရေး၊ စီးပွားရေး အဆင်ပြေမည်။ 

အကျိုးပေးဂဏန်း - ၈ ၊ ၉ ၊ ၀။

အထူးဟော - ကံကောင်းမည်။

ယတြာ - စနေနေ့တွင် စနေနံဘုရားကို ထီးနီ (၇)လက် လှူပါ။

ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)
by Myit Makha Mediagroup

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here