Saturday, April 27, 2013

ရှမ်းလူမျိုးတစ်ဦးလျှင် ယွမ် ၃၀၀၀စီဖြင့် လာရောက်ရွေးယူရန်သတ်မှတ်

0 comments
ဧပြီ(၂၇)





ကချင်ပြည်နယ်ကျေးရွာအချို့သို့ KIA တပ်မဟာ(၃) လက်အောက်ခံတပ်ရင်းများမှ ၀င်ရောက်ဖမ်းဆီး ထားသူ လူပေါင်း (၁၀၀)ကျော်အနက်က ရှမ်းလူမျိုး(၃၀)ကို တစ်ယောက်ကို တရုတ်ယွမ်ငွေ (၃၀၀၀) ကျပ်ဖြင့် လာရောက်ရွေးယူကြဖို့ သူတို့မိဘဆွေ မျိုးတွေထံ အကြောင်းကြားထား ပါကြောင်းသိရှိရ ပါသည်။ 

ရှမ်းလူမျိုးများ ကို KIA တပ်မှာ စစ်မှုထမ်းဆောင်ဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်သော်လည်း၊ ရှမ်းလူမျိုး များ အပေါ်မှာ ယုံကြည် စိတ်ချ မှုမရှိသည့် အတွက် စစ်မှုမထမ်းခိုင်းဘဲ  ငွေကြေးဖြင့်ရွေးယူရန် အကြောင်း ကြား ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

KIAများအနေနဲ့ တပ်အင်အားများ တိုးချဲ့ဖို့လူသစ်များစုဆောင်းနေသလို စုဆောင်း ထားသူများကိုလဲ တစ်ချို့ကို တပ်သား သစ်သင်တန်းများပို့ချပေးနေပြီး တပ်ဖွဲ့ဝင်မဖြစ်နိုင်သူများကိုတော့ငွေကြေး နဲ့လဲလှယ်ဖို့ လုပ်ဆောင်လျက် ရှိကြောင်း၊ ဒေသခံ လူထုတွေ အနေနဲ့ KIA တပ်များ အင်အားကြီးမားလာမှာကို စိုးရိမ် နေသလို ကချင်ပြည်နယ်အတွင်း ပစ်ခတ် တိုက်ခတ် မှုတွေ ပြန်လည်ဖြစ်ပေါ်လာမှာကိုလဲ စိုးရိမ်သောကရောက်နေ ကြသည်ဟု ဦးလဖိုင်ဆောင် မှပြောပြ ခဲ့ပါသည်။
 
KDN

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here