Saturday, April 27, 2013

ကျည်ဆံဖလား ဗိုလ်လုပွဲ

0 comments
ဧပြီ(၂၇)


ကျည်ဆံဖလား လိုချင်သူများကို ကျည်ဆံဖလား ပေးရန်အတွက် အစီအစဉ် ရှိပါသည်။ 

ကျည်ဆံလိုချင်သူများ အနေဖြင့် ပထမဆုံး ဆန္ဒပြပွဲ တစ်ခုကို ဖန်တီးရပါမည်။ ခွင့်ပြုချက် တောင်းရန်၊ မတောင်း ရန်သည် အရေးမကြီးပါ။ 

ဓာတ်ပုံ၊ ဗီဒီယို ရိုက်နိုင်သည့် ကင်မရာ ပါရပါမည်။ အင်တာနက်ပေါ် တင်နိုင်သည့် လူသိများသော အကောင့်များ ပါရပါမည်။ 

မာန်ရှိ ဟန်ရှိသူများကို ရွေးထုတ်၍ ကင်မရာမြင်ကွင်းရှေ့ကို ဆွဲထုတ်ရပါမည်။ 

ရဲများ မလာမချင်း ဆန္ဒပြရပါမည်။ အနည်းဆုံး လူ ၃၀ ခန့်မှ လူ ၅၀၀ ခန့်ထိ လာရောက်သည့် ရဲ အရေ အတွက် အနည်းအများပေါ် မူတည်၍ စုစည်းထားရန် လိုပါသည်။ 

စုစည်းထားသည့် လူများ နောက်တွင် လေးဂွ၊ ဂျင်ဂလိများ ၊ မီးရှို့ပစ်ခတ်နိုင်သော လက်လုပ် ပစ္စည်းများ၊ အနီး တွင် တွေ့သမျှ ဒုတ်၊ခဲ၊ မာကျောသည့် ပစ္စည်းမှန်သမျှအား ကိုင်ဆောင်မည့် လူတစ်စုကို သီးသန့် ရွေး ထုတ်ရပါမည်။ 

ရဲများ ရောက်ပါက စပြီး ဆဲရပါမည်။ မခံမရပ်နိုင်အောင် ဆဲဆိုရပါမည်။ ဆဲရင်း ဆိုရင်း ရဲများ ဒေါသ မ ထွက် ဘဲ ကိုယ့်လူများ ဒေါသထွက်လာပါလိမ့်မည်။ 

ထိုအခါ မိုက်တိမိုက်ကန်း ၃ ၄ ယောက်အား အရက်အ၀ တိုက်၍ လွှတ်ပါ။ ကိုယ်ကိုတိုင် သွားသင့်လျှင် သွား ပါ။ ရဲနှင့် ဆန္ဒပြသူများ အနီးကပ်ရှိနေပြီ ဆိုပါက ဘယ်သူ ထိထိ ပစ်ပါ။ ရိုက်ပါ။ အော်ဟစ်ပါ။ 

အထက်ပါ အဆင့်များအတိုင်း ဆောင်ရွက်ပါက ကျည်ဆံဖလား ရပါမည်။
 
OppositEyE
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here