Friday, April 26, 2013

ထူးခြားမှုများနှင့်အမြိုက်ကျောင်းမှရှမ်းရိုးရာသဲပုံစေတီပွဲ

0 comments
ဧပြီ(၂၆)







ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ငါးခုမ္မစမ်း ကျေးရွာရှိညအမြိုက်ကျောင်းတိုက် တွင်   နှစ်စဉ်  ပြုလုပ်မြဲဖြစ်သော ရှမ်းရိုးရာသဲပုံစေတီပွဲကို ယနေ့ တန်ခူးလပြည့်နေ့ တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

“ဦးဇင်းအနေနဲ့ ဒီအမြိုက် ကျောင်းကို လွန်ခဲ့တဲ့နှစ်(၂၀)၀န်းကျင်လောက်မှာ စရောက်တာပါ။ စရောက်တော့ တရားထိုင် တရားမှတ်နဲ့ နေလာခဲ့တာ (၃)နှစ်လောက်ကြာ လာတော့ အိပ်မက်မက်တယ်။ ဒီနေရာမှာ အရင်တုန်းက ရှမ်းစော်ဘွားတွေ နေခဲ့ကြတာ၊ သူတို့တွေ မကျွတ်မလွတ်တာတွေ ရှိတော့ဦးဇင်းကို အိပ်မက်ပေး ပြီး တောင်းဆိုကြတယ်။ သူတို့ရှမ်းရိုးရာပွဲကို လုပ်ပေးပါဆိုပြီး။ အစမှာတော့ ဘာလုပ်ရမယ်။ ဘယ်လို လုပ်ရမယ်ဆိုတာမသိဘူး။နောက်မှ တွံတေးမှာရှိတဲ့ ရှမ်းရွာလေးရွာကသိသူတတ်သူတွေနဲ့ တိုင်ပင်ပြီး သဲပုံစေတီ တည်ဖို့ လုပ်ဖြစ်သွားတာပါ။ သူတို့က ရွှေဆံတော် ဘုရားကြီးမှာတည်တဲ့အချိန်အတိုင်း တန်ခူးလပြည့်နေ့မှာ တည်ပေးဖို့ တောင်းဆို လာကြတော့ဦးဇင်းအနေနဲ့ အဘ ဘိုးမင်း
ခေါင်ရဲ့ အမိန့်အတိုင်းတန်ခူးလပြည့်နေ့တိုင်း တည်ဖြစ်ခဲ့တာပါ။ စေတီတည်ဖို့ အချိန်နီးလာပြီ၊ (၃)လလောက် လိုလာပြီဆိုရင် ရှမ်းစော်ဘွားနဲ့ ပက်သက်တဲ့ အလှူရှင်တွေသူ့အလိုလို ရောက်လာကြတယ်။

နောက်တစ်ခုက ဘယ်လောက်ပဲကြပ်တည်းနေနေအဆင်ပြေပြေအောင်အောင်မြင်မြင် နဲ့ ဖြစ်မြောက်သွားတယ်။ ဘုရားထီးတင်ပြီးလို့ပိုက်ဆံကြဲတဲ့အခါ သုံးသောင်းကြဲရင် သုံးသိန်း ပြန်ဝင်တယ်၊ တစ်သိန်းကြဲရင်ဆယ်သိန်း ပြန်ဝင်တယ်။ နောက်ဆုံး စာတိုက်ကနေ အလှူရှင်နာမည် မပါဘဲ၊ဘယ်သူမှန်း မသိရဘဲ ရောက်ရောက်လာတဲ့ အလှူငွေတွေတောင် ရှိတယ်။ ဒီလိုနဲ့တစ်နှစ်ထက် တစ်နှစ် ပိုပိုအောင်မြင်လာရ တာပါပဲ” ဟု အမြိုက်ကျောင်းကျောင်းထိုင် ဆရာတော် ဦးထေရာဝံသက မိန့်ကြားသည်။

ယင်းပွဲတော်ကို နှစ်စဉ်ကျင်းပလာရာအခုဆိုရင်(၉) နှစ်ပြည့်မြောက်သွားပြီဖြစ်ပြီး နောင်နှစ်စဉ် နှစ်တိုင်း 
ဆက်ကျင်းပသွားမည်ဟုလည်း သိရသည်။









သီဟ

မြန်မာ့ခေတ်သတင်းဂျာနယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here