Sunday, April 28, 2013

တာချီလိတ်မြို့၌ မီးပွိုင့် ၅ ခုတပ်ဆင်မည်

0 comments
ဧပြီ(၂၈)

တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး မြို့ပြအဆောက်အအုံများ တိုးတက်လာသကဲ့ သို့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်စီးသူများလည်းများပြားလာသည် ယာဉ်များ သွားလာရာ တွင်မြို့လယ် လမ်းမကြီးဖြစ်သော ဗိုလ်ချုပ်လမ်းမကြီးတစ်ခုသာ အဓိက အသုံးပြုလျက်ရှိသည်။
{မီးပွိုင့်တပ်ဆင်ရန် ဆောင်ရွက်ထားစဉ် | ဓါတ်ပုံ မောင်ဆွေငြိမ်း}


ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ဆန်ဆိုင်းရပ်ကွက်ကိုဖြတ်ကာ မေဖလားဝါးကွင်းအထိ မြို့ပတ်လမ်းဖောက်လုပ်ခဲ့ရာ ယခုပြီးစီးပြီဖြစ်၍ ယာဉ်များသွားလာနေသည်ကိုတွေ့ရသည်။

ထို့ပြင်လမ်းဆုံများတွင်လည်း မီးပွိုင့်များတပ်ဆင်ရန်စီစဉ်ခဲ့ရာ ဂိတ်တဲများဆောက်လုပ်ခြင်း၊ ၀ါ၊ စိမ်း၊ နီမီးတိုင်များတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည် မကြာမီ ပြီးစီးတော့မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

လောလောဆယ်တွင် မီးပွိုင့် (၅)ခု တပ်ဆင်မည်ဖြစ်ရာ ကျိုင်းတုံအထွက်လမ်းဆုံ၊ အာခါဈေးလမ်းဆုံ၊ ပါလျှံဆီပန့်လမ်းဆုံ အမှတ်(၂) ချစ်ကြည်ရေး တံတားလမ်းဆုံနှင့် အားကစားရုံလမ်း လမ်းဆုံတို့တွင် တပ်ဆင်သွားမည်ဖြစ်သည်။ မီးပွိုင့်တစ်ခုကုန်ကျစရိတ်မှာ ငွေကျပ် (၇၈)သိန်းဖြစ်ပြီး၊ ကျိုင်းတုံအထွက် လမ်းဆုံမီးပွိုင့်မှာငွေကျပ်(၈၀)သိန်းဟု သိရှိရသည်။

"မီးပွိုင့်များတပ်ဆင်ပြီးပါက ယခင်က လမ်းကြားမှထွက်ရသော ကားများသည် လမ်းမကြီးမှ ယာဉ်များ ရှင်းသည်အထိ စောင့်ဆိုင်းစရာမလိုတော့ပဲသတ်မှတ်ချိန်တစ်ခုအထိသာ စောင့်ဆိုင်းရတော့မည်ဖြစ်ကြောင်း၊ ထို့ပြင် ယာဉ်တိုက်မှုအန္တရာယ်လည်း လျော့ပါးသွားမည်ဖြစ်ကြောင်း" ယာဉ်ထိန်းရဲ တာဝန်ခံ ရဲအုပ်စံသိန်းက ပြောကြားသည်။

တာချီလိတ်အွန်လိုင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here