Sunday, April 28, 2013

" အားသွင်းနိုင်တဲ့ အချိုရည်ဘူး "

0 comments
ဧပြီ(၂၈)

တကယ် အချိုရည် ဘူးတော့ မဟုတ်ပါဘူး ။ သူ့ နာမည်က JuiceCANs
လို့ ပေးထားပါတယ် ။ မိမိတစ်ကိုယ်ရေ သုံးဖုန်းနဲ့  Tablet များကို အားဖြည့်နိုင်တဲ့ စက်ကလေး တစ်လုံးပါ ။

အိုင်ဖုန်း သုံးလုံးလောက် ကောင်းကောင်း အားသွင်နိုင်တဲ့ ပမာဏရှိ အားကို သိုလှောင်ထားပြီး လိုအပ်တဲ့ အချိန်တိုင်းမှာ သူက အားဖြည့်ပေးပါလိမ့်မယ်။
(အခု လို မီးပျက် တဲ့ ရာသီနဲ့ အကိုက်ဖြစ်မှာပါ )


အားဖြည့်ထားပြီး နေရာတကာကို အလွယ်တကူ ယူသွားနိုင်လောက်အောင် လည်း ဒီစက်ကလေးရဲ့ အရွယ်အစားက ဖျော်ရည်ဘူး တစ်ဘူး စာသာ ရှိပါတယ်။ အားသွင်းတဲ့ USB Port များ အပြင် LED flashlight ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဈေးကွက်မှာ ဖြန့် ချီဖို့  သတ်မှတ်ထားတဲ့ ဈေးနှုန်းက $33 လို့ ကြေငြာ
ထားပါတယ်။ အသစ်အဆန်း ကြိုက်သူများအတွက် ဒါလေးကလည်း တစ်ခု အပါအ၀င် ဖြစ်လာမှာပါ။

-------
Ref;Indiegogo
Stuff Myanmar Magazine

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here