Sunday, April 28, 2013

ရှမ်းမြောက်တွင် စစ်ရေးတင်းမာလာမည်ကို ဒေသခံများ စိုးရိမ်

0 comments

ဧပြီ(၂၈)

ရှမ်းပြည်နယ် မြောက်ပိုင်းအခြေအနေသည် ကချင်ပြည်နယ်ကဲ့သို့ နောက်ထပ်စစ်မြေပြင်တစ်ခုဖြစ် လာမည်ကို စိုးရိမ်ကြောင်း ဒေသခံတိုင်းရင်းသားများနှင့် 
အဖွဲ့အစည်း များက ပြောသည်။

“မူဆယ်နဲ့ ကွတ်ခိုင်ကြားမှာ အက်စ်အက်စ်အေ မြောက်ပိုင်းနဲ့ အစိုးရကြားမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အပြင်းအထန် မဟုတ်ပေမယ့် ကြိုးကြားကြိုးကြား ဖြစ်နေ 
တယ်။ နမ့်ဆန်တို့ နမ့်ဖက်ကာတို့ ဘက်လည်း ဖြစ်နေတယ်။ ကချင်ပြီးတော့ ရှမ်းဘက်ကို လှည့်လာမှာလည်း စိုးရိမ်နေကြတယ်”ဟု အစိုးရနှင့် 
အပစ်အခတ်ရပ်စဲထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမည်မဖော်လိုသည့် လက်နက်ကိုင်တပ်ဖွဲ့ ၀င်တစ်ဦးကဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် အစိုးရ တပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြား ဆက်ဆံရေးတင်းမာ
ခဲ့ပြီး တိုက်ပွဲအချို့ ဖြစ်ပွားမှုကြောင့်ဒေသခံများ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ဒေသခံများ၏ အဆိုအရ အစိုးရတပ်နှင့်
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ တအောင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဟု လူသိများသည့် SSPP/ 
SSA တို့အကြား တိုက်ပွဲအချို့ ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်း ရှောင်နေခဲ့ရသည့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် နယ် ခံများက ပြောသည်။

“ပလောင်ဆိုတာ ခေတ်အ ဆက်ဆက်အကြောက်တရားနဲ့ နေ လာကြရတာပါ။ အခုလည်းတိုက်ပွဲတွေကြောင့် လူတွေ မပြန်ရဲဘဲ ကြောက်နေတယ်။ လက်နက်ကိုင် 
ထားတဲ့သူတွေကို မေတ္တာရပ်ခံချင် တာတော့ လက်နက်ကိုင်တွေ လက်နက်မဲ့တွေကို ငဲ့ညှာပေးကြပါလို့။ ပြည်သူက ကြားညပ်နေတယ်” ဟု 
စစ်ရေးတင်းမာမှုများကြောင့် မူလ နေရပ်စွန့်ခွာထွက်ပြေးနေရသောဒေသခံ တိုင်းရင်းသားများကို ကယ် ဆယ်ရေးလုပ်ဆောင်ပေးနေသည့် ပလောင်စာပေနှင့် 
ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးမောင်ကိုက ပြောသည်။

ယခုနှစ် မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သည့် အစိုးရတပ်များနှင့် SSPP/ SSA တို့၏ တိုက်ပွဲများ ကြောင့် ရှမ်းပြည်မြောက်ပိုင်း တန့် ယန်းမြို့နယ်အတွင်းရှိ 
ကျေးရွာများမှ ထွက်ပြေးလာသည့် ဒုက္ခသည် ၆၀၀ ကျော်သည် ဒုက္ခသည် စခန်းများမှ မူလနေရပ်သို့ပြန်ရန် ကြောက်ရွံ့နေကြောင်း ၎င်းင်းက ပြောသည်။

“ကချင်လိုဖြစ်မှာ စိုးရိမ်တယ်။ ဒုက္ခသည်တွေအတွက် အစားအ သောက်က လောလောဆယ် မခက်ခဲပေမယ့် ကြာလာရင် အကြီးအကျယ်
ဒုက္ခရောက်နိုင်တယ်”ဟု ဦးမောင်ကိုက ပြောသည်။

SSPP/ SSA နှင့် အစိုးရတို့ အကြား ဇန်န၀ါရီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း နှစ်ဖက်လက်
နက်ကိုင် တပ်ဖွဲ့များအကြား ထိပ်တိုက်တွေ့ကာ တိုက်ပွဲအချို့ ဖြစ်ပေါ်ခဲ့သည်။

“ငြိမ်းချမ်းရေး သဘောတူညီ ချက်ရပြီးမှ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ပြည်ထောင်စု အစိုးရရဲ့ အာဏာအောက်ခြေအထိ မသက် ရောက်သေးဘူး။ အမှန်ဆို 
ဆွေးနွေးနေတဲ့ အချိန်မှာ သေနတ်သံတွေ မကြားသင့်တော့ဘူး။ ထိုးစစ်တွေ မဆင်သင့်တော့ဘူး။ အခုတပ်တွေ လှုပ်ရှားနေတော့ ပျားအုံကို တုတ်နဲ့ ထိုးသလို 
ဖြစ်နေမှာပဲ”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းမောင်တင်က ပြောသည်။

အစိုးရ ထိပ်ပိုင်းအရာရှိများ နှင့် လက်နက်ကိုင်တပ်ဖွဲ့ ခေါင်း ဆောင်များအကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည့် အနေအထားအတိုင်း 
အောက် ခြေပြည်သူလူထုအထိ ငြိမ်းချမ်းရေးခံစားရရန် နှစ်ဖက်ကြိုးစားသင့် ကြောင်း ဒေသခံတိုင်းရင်းသားများက ပြောသည်။ ငြိမ်းချမ်းရေး 

ဆွေးနွေးမှုမပြေလည်သေးသည့် KIA ၊ တအောင်းပြည်နယ် လွတ်မြောက် ရေးတပ်ဦး (PSLF) နှင့် အစိုးရတပ်များအကြား ကွတ်ခိုင်ဘက်တွင်လည်း 
ပစ်ခတ်မှုအချို့ကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြသည်။

“ကွတ်ခိုင်မှာ အရင်ကတည်း က ကချင်ဒုက္ခသည်တွေ ရှိတယ်။ သူတို့လည်း မပြန်ရဲကြဘူး။ အခု တိုက်ပွဲတွေ ဖြစ်နေတယ်။ ရှမ်း နဲ့ရော။ ကျွန်တော်တို့က ဒုက္ခသည် 
တွေကို ကူညီနေတာ သက်သက်ဖြစ် လို့ တိုက်ပွဲတွေအကြောင်းတော့ မပြောချင်တော့ဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေး သဘောတူပြီး စစ်ဆက် မတိုက်ရင်ပြီးရော”ဟု 
ကွတ်ခိုင်ရှိ ဒုက္ခသည်များကို ကူညီနေသည့် လူမှုရေး အသင်းတာဝန်ခံက ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ အင် အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေးအတွက် 
သဘောတူညီမှုရရှိထားသော်လည်း နိုင်ငံရေးအရ ဆွေးနွေးမှုများ မပြီးပြတ်သေးမီဖြစ်ပေါ်လာသော တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး ပျက်ပြားမည်ကို 
ဒေသခံများက စိုးရိမ်နေကြသည်။
 
7Day News 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here