Friday, May 10, 2013

RCSS / SSA ( ရွက်ဆစ် ) လက်နက်ကိုင် အဖွဲ့မှ အပြစ်မဲ့ တိုင်းရင်းသား ဒေသခံ ပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

0 comments

မေ ၁၀ ရက်
 

၉-၅-၂၀၁၂ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ်မြို့နယ် ၊ ၁၀၅ မိုင် ရှောင်ကွင်းလမ်း ပေါ်တွင် ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က RCSS / SSA ( ရွက်ဆစ် ) လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ သည် အပြစ်မဲ့ တိုင်းရင်းသား ဒေသခံ ပြည်သူ များအား လက်နက်ငယ် များဖြင့် ပစ်ခတ် ခဲ့သဖြင့် မိုင်းငေါ့ မြို့နယ်ခွဲ ၊ မြို့သစ် အုပ်စု ၊ ပန်းတိမ်း ရွာနေ မောင်ထွန်းရင် ၂၀ နှစ် (ဘ) ဦးအောင်သန်း မှ ဦးခေါင်းတွင် လက်နက်ငယ် ထိမှန်၍ နေရာတွင် သေဆုံး ခဲ့ပြီး မူဆယ် မြို့နယ် ၊ ဟိုနောင် ကျေးရွာ နေ မောင်သက်လွင်ဦး ၂၃ နှစ် (ဘ) ဦးစံဦး မှာ ဘယ်လက်မောင်း လက်နက်ငယ် ထိမှန် ဒဏ်ရာ နှင့် မဝေလွင်လှိုင် ၂၇ နှစ် (ဘ) ဦးစံရွှေ မှာ ညာဘက် လက်မောင်း လက်နက်ငယ် ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ — 

Pyi Chit Tar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here