Thursday, May 9, 2013

SSA (ယွက်ဆစ်) အဖွဲ့ ရွာသားများပိုင်သော တောင်ယာများတွင် စခန်းဆောက်ကာ ရွာမှကားများကို အခွန်ကောက်

0 comments


မေ ၉ ရက်


နမ့်ခမ်းမြို့၊ နောင်မတာရွာနှင့် မန့်ကွန်ရွာကြားတွင် ရွာသားများပိုင်သော တောင်ယာများကို SSA (ယွက်ဆစ်) အဖွဲ့မှာ စံပန်းဦးဆောင်တဲ့အဖွဲ့က သိမ်းယူပြီး စခန်းဆောက်က ရွာမှ ဈေးကားများကို အခွန်ကောက်ခံ နေကြောင်းသိရှိရပါသည်။ 

ဒီလ ၂ ရက်နေ့မှစပြီး SSA (ယွက်ဆစ်)အဖွဲ့မှ ရွာသို့ရောက်လာပြီး ရွာ ၂ ရွာ ကြားမှ ရွာသားများ ပိုင်ဆိုင်သော တောင်ယာများကို သိမ်းယူပြီး ၎င်းတောင်ယာခင်းများတွင် လူတစ်ရပ် ကျော် ကျော် ခန့် သံဆူးကြိုးများကိုခတ်ထားပြီး အတွင်း၌ အဆောက်အအုံများ မြောင်းအရှည်ကြီးများတူးနေကြောင်း သိရှိရပါသည်။ အဲဒီနောက် ရွာဝတွင် ၀ါးလုံးမောင်းတံများ ပြုလုပ်ပြီး ရွာအတွင်းမှ ဈေးကားများ၊ မီးသွေး ကားများကို တစ်စီးလျှင် ၁သောင်းနှုန်းကောက်ခံနေကြောင်း သိရှိရပါသည်။

“ SSA က အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတယ်လို့ ငါတို့သိတာဘဲ ဘာဖြစ်လို့ ငါတို့ရွာတွေကြားမှာ သူတို့ နေဖို့ လာလုပ်တာလဲမသိဘူးဗျာ၊ နေတာက တခြားနေတာတွေဆိုရင် မပြောပါဘူးဗျာ၊ ငါတို့တောင်ယာခင်းတွေ မှာလေ ဒီကောင်တွေလာတော့ စခန်းဆောက်တော့ ငါတို့ဘာနဲ့သွားစိုက်မှာလဲ သွားပြောရင်လဲ ဒီကောင်တွေက သတ်မှာကြောက်ရတာဗျာ၊ နေတာရုံတွင်မဟုတ်ဘဲ ကားတွေကို ပိုက်ဆံတောင်ကောက်နေသေးတာလေ” ဟု မန့်ကွန်ရွာမှဦးစိုင်းခမ်းမှပြောပြခဲ့ပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here