Thursday, May 9, 2013

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကို အကြောင်းပြပြီး ရွာများရှိဈေးဆိုင်များတွင် SSA (ယွက်ဆစ်)မှ အခွန်ကောက်

0 comments


မေ ၉ ရက်

SSA (ယွက်ဆစ်)မှ တပ်ရင်းမှူးတစ်ဦးနဲ့ အဖွဲ့တွေက မေလ ၅ ရက်နေ့က မိုင်းပုကြီးကျေးရွာ အုပ်စုသို့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါးတိုက်ဖျက်မည်ဟုဆိုကာ ရွာအတွင်း လှည့်လည်ပြီး ဈေးဆိုင်များ ကို အခွန်များ ကောက်ခံ နေကြောင်းသိရှိရပါသည်။ 

ရွာအတွင်းရှိ ဈေးဆိုင်ကြီးတစ်ဆိုင်ကို ၂ သိန်း ဈေးဆိုင်အသေးတစ်ဆိုင်ကို ၁ သိန်းနှုန်းဖြင့် ကောက်ခံ ခဲ့ကြောင်း၊ ဈေးဆိုင်များတွင် မူးယစ်ဆေးဝါးများရှာဖွေမည်ဟု အကြောင်းပြကာ ငွေများကို ကောက်ခံ ခဲ့ကြောင်း၊ မိုင်းပုကျေးရွာအုပ်စု အတွင်း ဈေးဆိုင် ၂၀ ကြောင်းရှိကြောင်း ဈေးဆိုင် ပိုင်ရှင် များက ပြောပြခဲ့ကြောင်းသိရှိရပါသည်။ 

“ သူတို့က ကျွန်မတို့ဆိုင်တွေမှ မူးယစ်ဆေးဝါးတွေရှာတယ်ဆိုတာအကြောင်းပြပြီး ပိုက်ဆံလာတောင်း တာပါ ပိုက်ဆံမပေးမချင်းကို ဟိုရှာဒီရှာလုပ်တာလေ ပေးလိုက်တော့မှ မရှာတော့တာ၊ ရောင်းတဲ့ဆိုင်တွေ ကျွန်မတို့ ရွာမှမရှိပါဘူး၊ ရောင်းတဲ့သူတွေက သူတို့နဲ့ ပတ်သတ်တဲ့သူတွေဘဲရောင်းကြတာလေ သူတို့က သက်သက်ငွေ တောင်းဖို့လာတာလေ” ဟု  ပိန်းဆန်းရွာမှ ဒေါ်နန်းခမ်းမှ ပြောပြခဲ့ပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here