Monday, August 12, 2013

ပြည်တွင်းတွင်တီထွင်ထုတ်လုပ်ထားသော နျူကလီယားရေငုပ်သင်္ဘော အိန္ဒိယစတင်အသုံးပြုမည်

0 comments

သြဂုတ်လ(၁၂)ရက်

အိနိ္ဒယနိုင်ငံအနေဖြင့် ပြည်တွင်းတွင် ပထမဆုံးထုတ်လုပ်သည့် နျူကလီယားရေငုပ်သင်္ဘောအား ပင်လယ် ထဲတွင် စမ်းသပ်မောင်းနှင်ရန်အတွက် အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ယင်းမှာအပြည့်အ၀ အသုံးချ နိုင်ရေးအတွက် ခြေလှမ်းသစ်တစ်ရပ်ဖြစ်သည်ဟု ၀န်ကြီးချုပ်မန်မိုဟန်ဆင်းက ပြောကြားကြောင်း သြ ဂုတ် ၁၁ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

နျူကလီယား လက်နက်တပ်ဆင်သည့် သဘောင်္ငါးစင်း တည်ဆောက်ရေးစီမံချက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည့် တန်ချိန် ၆၀၀၀ ခန့်ရှိသည့် INS Arihant (ရန်သူချေမှုန်းရေး) ဟုအမည်ပေးထားသည့် ပြည် တွင်းဖြစ် နျူကလီယား ရေငုပ်သင်္ဘောအား ၂၀၀၉ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။

ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာမှုသည် “မိမိတို့နိုင်ငံ၏ နည်းပညာစွမ်းရည်များ အရှိန်အဟုန်ဖြင့် တိုးတက် လာခြင်းဖြစ်ပြီး၊ နျူကလီယားကော်မရှင်နှင့် မကြာမီတွေ့ဆုံနိုင်လိမ့်မည်” ဟု ၀န်ကြီးချုပ်ဆင်းက ပြော ကြားခဲ့သည်။
Arihant တွင် နျူကလီယားဓာတ်အား ၈၅ မီဂါဝပ်ထောက်ပံ့ပေးနိုင်သည့် ဓာတ်ပေါင်းဖိုတစ်လုံးပါရှိပြီး အ ဖွဲ့ဝင်ပေါင်း ၉၅ ဦးအားလိုက်ပါနိုင်ကာ တစ်နာရီလျှင်ရေမိုင် ၂၄ မိုင်ခန့်အထိ သွားရောက်နိုင်သည်ဟု ကာ ကွယ်ရေးဌာနမှ အာဏာပိုင်များကဆိုသည်။

အိနိ္ဒယရေတပ်အနေဖြင့် ရုရှားထုတ် နျူကလီးယား ရေငုပ်သင်္ဘောများအား ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် တ ရားဝင်အသုံးပြုခဲ့ပြီး၊ နျူစွမ်းအင်သုံးသင်္ဘောများ အသုံးပြုနေသည့် တရုတ်၊ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန် နှင့် ရုရှားနိုင်ငံများပါဝင်သည့် ထိပ်သီးနျူစွမ်းအင်သုံးသောနိုင်ငံများစာရင်းတွင် ပါဝင်ခဲ့ပြီဖြစ်သည်။

နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောများမှာ လောင်စာဖြည့်ရန်အတွက် ဒီဇယ်သင်္ဘောများကဲ့သို့ ရေပြင်ပေါ်သို့ တက်ရောက်ရန် မလိုအပ်တော့ပေ။

အိနိ္ဒယနိုင်ငံအနေဖြင့် ဒီဇယ်ဓာတ်ဆီသုံး Scorpene ရေငုပ်သင်္ဘောခြောက်စီးအား ၂၀၁၅ ခုနှစ်တွင် လက်ခံရရှိမည်ဖြစ်ပြီး၊ ယင်းမှာ ၎င်း၏ရေတပ်အား ခေတ်မီစေရေးတွက် ဒေါ်လာဘီလီယံများစွာ ကုန်ကျမည့် စီမံချက်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here