Friday, August 16, 2013

ညတွင်းချင်း သင်္ဂြိုဟ်လိုက်ရတဲ့ ၂ ရက်သား ကလေးလေး

0 comments
သြဂုတ်လ(၁၆)ရက်

Photo: ညတွင်းချင်း သင်္ဂြိုဟ်လိုက်ရတဲ့ ၂ ရက်သား ကလေးလေး

15.8.2013

ယနေ့ည ( 14-8-2013 )မှာ လူလောကထဲကို ၁၂ရက်နေ့က ရောက်လာခဲ့ပြီး ၁၄ရက်နေ့ ည ၇နာရီက ကွယ်လွန်သွားသည်ဖြစ်သော ၂ ရက်သား ကလေးငယ်၏ ရုပ်လောင်းကို ညတွင်းချင်း ည ၉နာရီမှာ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသား ၁၀ ဦးတို့ဖြင့် သဂြိုင်္ဟ်ပေးခဲ့ရပါသည်။

ရုတ်တရက် ကွယ်လွန်သွားသည်ဖြစ်တာကြောင့် နာရေးကိစ္စနှင့် ပတ်သက်၍ အကူအညီရရှိနိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းသို့ ဆက်သွယ်လာတာကြောင့် ဆက်သွယ်လာချင်းမှာပင် အသင်းသား ၁၀ ဦးတို့မှ သွားရောက်ကာ ကလေးငယ်၏ မိဘနှင့်အတူ ည ၉နာရီတွင် မြို့မသုဿန်သို့ သွားရောက်ကာ မြေမြုပ်သဂြိုင်္ဟ်ခဲ့ကြပါသည်။

သုဿန်သို့ ညမှောင်မှောင်မဲမဲထဲ ရောက်သွားသောအခါ မြေမြုပ်နိုင်ရန်အတွက် နေရာရှာပြီး အသင်းသားများမှ မြေကျင်းတူးကာ နာရေးကူညီမှုများကို လုပ်ဆောင်ခဲ့ကြသည်ဖြစ်ရာ ယခုလို ညမှောင်မှောင်မဲမဲထဲ သုဿန်၌ ကျင်းတူးမြေမြုပ်ပေးရသည်မှာ ယခုအကြိမ်သည် မဇ္ဈိမလူမှုကူညီရေးအသင်း၏ ဒုတိယအကြိမ်မြောက်ဖြစ်ခဲ့ပါသည်။

မဇ္ဈိမလူမှုကူညီရေးအသင်း

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here