Friday, August 16, 2013

တာချီလိတ်မြို့နယ်မီးလင်းရေးကော်မတီမှမိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းလျှပ်စစ်မီးသွယ်တန်းပေးနိုင်တော့မည်

0 comments
သြဂုတ်လ(၁၆)ရက်
Photo: တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီ မှ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း လျှပ်စစ်မီးသွယ်တန်းပေးနိုင်တော့မည်

15.8.2013

တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း လျှပ်စစ်မီး ရရှိစေရေးအတွက် သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီ ဒု-ဥက္ကဌများ ဖြစ်သော ဦးကြည်မြင့် နှင့် ဦးကျော်ငြိမ်း အပါအ၀င် လူမှုဆက်ဆံရေး တာဝန်ခံ ဦးစိုင်းခမ်းမွန်းတို့နှင့် အတူ အဆိုပါကျေးရွာအုပ်စုရှိ မိုင်းဖုန်း(က) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆွန်လစ်နှင့် ၀မ်တုံ၊ ဖတ်ဟိ၊ ပါခါ နှင့် ၀မ်ပုံ စသည့် ကျေးရွာလူကြီးများ တွေ့ဆုံခဲ့ကြပြီး လျှပ်စစ်မီးလင်းရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုင်းဖုန်း(က)ကျေးရွာအုပ်စုဖြစ်သော ပါခါ မှ ၀မ်ပုံ အထိ လျှပ်စစ်မီးရရှိရေး ကိစ္စရပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က မိမိအနေဖြင့် လျှပ်စစ်မီးကို မြို့ရော၊ ကျေးလက်တွေပါ တန်းတူရရှိနိုင်စေရန်နှင့် လျှပ်စစ်မီးရရှိပြီဆိုလျှင် လူနေမှုအဆင့်အတန်း ပြည့်ဝလာမှာဖြစ်သလို
ရွှေတြိဂံဒေသဖြစ်တဲ့ ၀မ်ပုံဟာလည်း လောနိုင်ငံနှင့် ယှဉ်နိုင်မှာဖြစ်တာကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုပါ အထောက်အကူပြု လာနိုင်တော့မှာဖြစ်ပါကြောင်း၊ မိုင်းဖုန်းဒေသ ကားလမ်းမ တစ်လျှောက် ကတ္တရာလမ်းဖြစ်လာတော့မှာမို့ မရှိမဖြစ် အဓိက လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးရရှိရေးကို ဦးစားပေး လုပ်ဆောင်ပေးရန်အတွက် မိမိတို့ အဖွဲ့လာခဲ့တာဖြစ်ကြောင်း၊ လမ်းနဲ့မီး ရရှိပြီးပါက
ပြည်သူတွေရဲ့ လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နှင့် လူမှုကိစ္စတွေပါ ဆောင်ရွက်နိုင်မှာဖြစ်လို့၊ မကြာခင် မိုင်းဖုန်း(က) ၀မ်ပုံဟာ အဆင့်တဆင့်တိုးမြှင့်လာနိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြစ် အကျယ်တ၀င့် ကျေးရွာလူကြီးများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးကာ ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီ ဒု-ဥက္ကဌများဖြစ်သော ဦးကြည်မြင့် နှင့် ဦးကျော်ငြိမ်းတို့မှလည်း ကျေးရွာတွေရဲ့ လိုအပ်ချက်များအား နားလည် သဘောပေါက်ပါကြောင်း၊ ဒါ့ကြောင့် အထက်ကို တင်ပြပြီး၊ တိုင်တာရေး အင်ဂျင်နီယာအဖွဲ့အား အမြန် စေလွှတ်ပေးသွားမှာဖြစ်သလို ကျေးရွာဖက်မှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ကျေးရွာလူကြီးများအား ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆွန်လစ်က မိမိတို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု လူထုကိုယ်စား ယခုလို ပါခါ မှ ၀မ်ပုံအထိ မီးလင်းရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အကြောင်းကို သိရှိရ၍ များစွာ ၀မ်းသာပီတိဖြစ်ရပြီး အထူးကျေးဇူးတင်ပါကြောင်း ရွာသူ ရွာသားများကိုယ်စားကျေးဇူးတင်စကား ပြောကြားလာသည်။

တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီမှ ပြီးခဲ့သော ဧပြီလ ၁၀ ရက်နေ့က မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အတွင်းရှိ ပါကောင်၊ ပါခုတ်၊ နမ့်လုတ်(ရွာသစ်) နှင့် နမ့်လုတ်(ရွာဟောင်း) အစရှိသည့် ကျေးရွာ(၆)ရွာအား ၂၄ နာရီ လျှပ်စစ်မီး သွယ်တန်းပေးနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

Tachileik Online News

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here