သြဂုတ်လ(၁၃)ရက်
ကျွန်တော်နေထိုင်သောမြို့လေးသည်
မကွေးတိုင်းဒေသကြီး အတွင်း၌ရှိသော တောမြို့ကလေးသာ ဖြစ်ပါသည်။
ထိုမြို့ကလေးအား မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပါသည်။
အမှတ်(၁)ရပ်ကွက်မှာ ဧရာဝတီ မြစ်ကမ်း ဘေးတွင်တည်ရှိသဖြင့် ဆီတင်သင်္ဘောများ၊
ကုန်တင်သင်္ဘောများဆိုက်ကပ်သဖြင့် ၎င်းရပ်ကွက်မှာ သင်္ဘောများ ပေါ်မှီခို၍ နေထိုင်စားသောက်သည့်ရပ်ကွက်ဖြစ် သည်။
အမှတ်(၂)ရပ်ကွက်မှာ ငွေကြေးတတ်နိုင်သူများ ပြီး အထည် အလိပ်၊ ရွှေ၊
ကုန်ပစ္စည်းမျိုးစုံ၊ ငါးပိ၊ ငါးခြောက်၊ စားသောက်ဆိုင်များစသဖြင့်
အသက်မွေးဝမ်းကြောင်း ပြုသည့် ရပ်ကွက်ဖြစ်သည်။ အမှတ်(၃)ရပ်ကွက်မှာ
ဧရာဝတီမြစ်ဘေးတည်ရှိပြီး တံငါလုပ်ငန်း၊ သားသတ်လုပ်ငန်း များဖြင့်
အသက်မွေးဝမ်းကြောင်းပြုသည့်ရပ်ကွက်ဖြစ်သည်။
အမှတ်(၄)ရပ်ကွက်မှာမူ ၎င်းမြို့လေးအတွင်းရှိ ကျေးရွာ များမှ
တတ်နိုင်သူအများစုကလာရောက် အခြေချသောရပ်ကွက်ဖြစ်သည်။ ပဲ၊ နှမ်း၊ ၀ါ စသည့်
လယ်ယာထွက်ကုန် ကို အရောင်း အ၀ယ်ပြုလုပ်သည့်လုပ်ငန်းဖြင့်ဈေးရောင်းဈေး ၀ယ်ပြုလုပ်သည့်ရပ်ကွက်ဖြစ်သည်။ အမှတ်(၅)ရပ်ကွက် တွင် လဘက်ရည်ဆိုင်၊ ၀န်ထမ်းနှင့် တောင်သူများစုစည်းထားသော
ရပ်ကွက်ဖြစ်သည်။ အမှတ်(၆၊ ၇၊ ၉)ရပ်ကွက် သည် တောင်သူလုပ်ငန်းများ၊
လက်လုပ်လက်စားများဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ အခြေခံလူတန်းစား
ရပ်ကွက်ဖြစ်သည်။
ကျွန်တော်တို့လူမျိုးများကိုးကွ ယ်သည့်မြတ်ဗုဒ္ဓမှ အစွဲကင်းရန်သွန်သင်ပြသသော်လည်း ထိုတော မြို့လေး၏မြို့ပေါ်ရပ်ကွက်များမှာ သူ့အစွဲ၊ ကိုယ့်အစွဲနဲ့သာရှိနေပေတော့သည်။ ဘယ်လောက်အစွဲကြီးလဲဆိုလျှင် မြို့နယ်မှ ကျင်းပပေးသည့် ရပ်ကွက်အလိုက်ဘောလုံးပြိုင်ပွဲများတွင် အမှတ်(၆)နှင့် အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်များ ယှဉ်ပြိုင်ရန် အလှည့်ကျပါက အမြဲရန်ပွဲဖြင့်သာအဆုံးသတ်ရသည်။ ပွဲအားလုံးပြီးဆုံးအောင်ကစားရသည်မှာ ရှားလှ ပါသည်။ ထိုသို့ သောအစွဲကြီးမားသည့်မြို့ကလေးဖြစ်ပါသည်။ ထိုမြို့ကလေး၌ပညာသင်ကြားနေဆဲ ၈ တန်း ကျောင်းသားဘ၀ ရောက်ရှိစဉ် ၈ လေးလုံးအရေးအခင်းပေါ်ပေါက်လာခဲ့ပါသည်။
ကျွန်တော်တို့မြို့လေးတွင် သပိတ်မှောက်သူများအား တန်ပြန်သပိတ်ပြုလုပ်ရာမှစ၍ကျွန် တော်တို့မြို့လေးသည်
တစပြင်ကဲ့သို့ဖြစ်သွားပါသည်။ တန်ပြန်သပိတ်ဘက်နှင့် ၈
လေးလုံးသပိတ်ဖန်တီးသူများ ရင်ဆိုင်တွေ့ဆုံပြီး တန်ပြန် သပိတ်အဖွဲ့များအား
ဂျင်ကလိ၊ လေးခွ၊ တုတ်၊ ဓါးများဖြင့် ၀ိုင်းဝန်းပစ်ခတ်ရိုက်နှက်ခဲ့ကြ သဖြင့် တန်ပြန်သပိတ်ဆင်နွှဲ သူများ ခွေးပြေးဝက်ပြေးပြေးလွှား(အသက်လု ပြေး)ခဲ့ရပါသည်။
ထိုသို့ဖြစ်ပွားပြီးနောက် သပိတ်အဖွဲ့များအား မြို့ပေါ် ရှိလူမိုက်များ၊
သားသတ်သမားများ၊ ကုလားများကဦးဆောင်ကာ ၎င်းတို့နှင့်မကျေနပ်ချက်ရှိသူများ ကို
ညအချိန်တွင် လူအုပ်စုနဲ့လာပြီး ဖမ်းဆီးခေါ်ဆောင်ကာ
ညှင်းပန်းနှိပ်စက်ကြပါသည်။ ဒီလိုအခြေအနေကြောင့် ကျွန်တော်တို့ရပ် ကွက်ရှိ
ရပ်ကွက်သူရပ်ကွက်သားအများစုမှာ ဘုန်းကြီးကျောင်းများသို့
သွားရောက်ခိုလှုံနေကြရပါသည်။ တခါတရံ မှာ ဘုန်းကြီးကျောင်းရှိမြေအောက်ခန်းတွင် ၀င်ရောက်ပုန်းခိုအိပ်စက်ရပါသည်။
သပိတ်ခေါင်းဆောင်ဆိုသူလူရမ်း ကားများမှ နဖူးတွင်အနီရောင်ပိတ်စစည်းလျက်
ဓါးနှစ်လက်ကိုခါးမှာချိတ်ပြီး ဘုန်းကြီးကျောင်းထဲကို ကားဖြင့်
အတင်းမောင်းဝင်ပြီး ကျောင်းဝင်းထဲ၌ဖိနပ်စီးပြီး
ဓါးတ၀င့်ဝင့်ဖြင့်လုပ်နေသည့်ဗုဒ္ဓဘာသာမဟုတ်သည့် ကုလားလူမျိုး တစ်ဦး၏လုပ်ရပ်ကို မြေတိုက်ခန်းထဲမှ ချောင်းကြည့်ရဖူးသည့်ဖြစ်စဉ်အား တစ်သက်လုံးမေ့ဖျောက်၍မရခဲ့ပါ။ ရပ်ကွက်အတွင်းရှိ ၎င်းတို့နှင့်မတည့်သည့် အိမ်များကို ဖျက်ဆီး၊ ရှိသမျှပစ္စည်းများယူငင်ကြပါသည်။
ဘယ်သူမှတား ဆီးဝံ့သူမရှိပါ၊ သပိတ်ခေါင်းဆောင်များမှ လူမိုက်အားကိုးဖြင့်
ဘယ်နေ့ဘယ်နှယ်နာရီဘယ်နေရာမှာ ဆန္ဒပြမယ်၊ နဖူးစီးအနီစည်းခဲ့ဆိုပြီး
ပြည်သူလူထုအားအကြောင်းကြားပါက ပြည်သူလူထုများလည်း ကြောက်ကြောက်လန့်လန့်
ဆန္ဒပြခဲ့ရသည့် ပြည်သူတွေမှာလည်း ဒုနဲ့ ဒေးပင်ဖြစ်ပေတော့သည်။
ကျွန်တော်တို့အနေဖြင့် ဘုန်းကြီးကျောင်းဝင်း အတွင်း ၂၆ ရက်တာမျှ
ပုန်းလျှိုးကွယ်လျှိုးနေထိုင်ခဲ့ ရပါသည်။
ထိုသို့နေထိုင်စဉ်ကာလတွင် ၀င်ငွေကမရှိ၊ ဆန်တစ် ပြည်ဈေးနှုန်းမှာလည်း
တစ်ရက်ပြီးတစ်ရက်တက်လာကာ အရေးအခင်းမဖြစ်ခင်က ဆန်တစ်ပြည် ၂ ကျပ် တစ်မတ် ကနေ
အရေးအခင်းကာလအတွင်း ဆန်တစ်ပြည် ၂၅ ကျပ်ဖြင့် ၀ယ်စားခဲ့ရပါသည်။
မ၀ယ်စားနိုင်သောနေ့တွင် ဗိုက် မှောက်ပြီး နေခဲ့ရသောနေ့များလည်းရှိခဲ့ပါသည်။ ထိုအရေးအခင်းကာလအတွင်း မှတ်မှတ်ရရ နှမ်းစိုက်ပျိုး၍ ရိတ် သိမ်းချိန်ကာလရောက်သော်လည်းသွား ရောက်မရိတ်ရဲပါ၊ တောကြောင်များကလည်းလက်ခမောင်းခတ်သည့်ကာလ ဖြစ်ပါသည်။ ပိုင်ရှင်ရှိနေသော်လည်းပေါ်ပေါ်တင်တင်
လူအုပ်စုဖြင့် နှမ်းနှင့် မြေပဲများကို ၀င်ရောက်ဆွတ်ယူပါသည်။
ထိုအခြေအနေများဖြင့် ပတ်သက်၍ မိဘများမှပြောဆိုရာတွင် “ငါ့သား အဖေတို့
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ကရင် ခေတ် မှီဘူးပါတယ်” ဒီ ၈
လေးလုံးအရေးအခင်းလောက်မကြောက်ရပါဘူးကွယ်လို့ပြောခဲ့တာကို တစ်သက်လုံးနား ကမထွက်ပေ။
ထိုအခြေအနေမှကျော်လွန်မြောက်၍ ယခုကျွန်တော်အသက် ၃၉ နှစ်ပြည့်ခဲ့ပါပြီ၊
ယခင်ကမသိခဲ့တာတွေလည်း ထိုက်သင့်သမျှသိခဲ့ပါပြီ၊ Facebook ၊ Internet
တွေပေါ်မှာ အရေးအခင်းကာလက ခေါင်းဖြတ်သတ်ပွဲတွေ တွေ့နေရပါပြီ။ ကျွန်တော်တို့
ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်မှဟုတ်ပါ့မလားသံသယ၀င်မိအောင်ပင် ရက်စက်လွန်းလှ ပါသည်။ ဒီအရေး အခင်းနဲ့ပတ်သက်ပြီး ၂၅ နှစ်မြောက် ငွေရတုပွဲတွင် ၈ လေးလုံးအရေးတော်ပုံစိတ်ဓာတ်တွေကို ဆက်ထိန်းရမည်ဟု ပြောဆိုသည်ကိုကြားရသဖြင့် ငြိုးသူရန်ဘက်သတ်ဖြတ်ပွဲပမာပြုလုပ်သည့်
အရေးအခင်း စိတ်ဓာတ်ကိုထိန်းဖို့ ကျွန်တော်တို့ပြည်သူအနေဖြင့် ၀င်မပါလိုပါ။
ဘာကြောင့်လဲဆိုတော့ အဲဒီကာလက ဒီမိုကရေစီ ခေါင်းဆောင်တွေ၊
ကျောင်းသားခေါင်းဆောင်တွေအနေနဲ့
ဒီအရေး အခင်းမှာခေါင်းဖြတ်သတ်တာ၊ လူမိုက်ဆန်ဆန် နှိပ်စက်တာတွေကို ဘယ်သူမှ
မတားဆီးနိုင်ပါဘူး။ တားဆီးဖို့လည်း မကြိုးစားကြပါဘူး။ ဖြစ်နိုင်ပါက
သွေးစွန်းနေတဲ့ အတိတ်ကို ပစ္စုပ္ပန်ကိုမသယ်လာသင့်တော့ပါ၊
ထိုအတိတ်ကစိတ်ဓာတ်တွေကို ဆက်လက်ထိန်းသိမ်းပြီး လူငယ်တွေ အတုယူပါက
အနာဂတ်မြန်မာနိုင်ငံအတွက်လည်းသာ ယာနိုင်မည်မဟုတ်ပါ။ ဘယ်ဘ၀ရောက်ရောက် အရေးအခင်း ကာလ ဘ၀မျိုးတော့မရောက်လိုပါ။
ကျွန်တော်တို့လိုလားသည်မှာ အပူအပင်ကင်းမဲ့စွာလုပ်ကိုင်စား
သောက်နိုင်ရေးနှင့် နှောင်းလူငယ်များပညာ သင်ကြားခွင့်၊ တန်းတူရရှိရေးနှင့်
ကြီးနိုင်ငယ်ညှင်းပပျောက်ရေးတို့ ကို တာဝန်ခံနိုင်သည့်အစိုးရမျိုးရလျှင်ကျေနပ် ပါသည်။ ဘယ်သူ့အုပ်ချုပ်မှု ဘယ်ဝါ့အုပ်ချုပ်မှုမှဆိုတာမျိုးဆ န္ဒစွဲမရှိသော် လည်း ဘာသာတရားကိုလေးစားတန်ဖိုး ထားသည့်သူများအုပ်ချုပ်မှုကိုသာပို၍ လိုလားကြောင်းတင်ပြအပ်ပါသည်။
ကိုလေးလွင်
http://amayeainn.blogspot.com/ 2013/08/blog-post_5943.html
သြဂုတ်လ(၁၃)ရက်
ကျွန်တော်နေထိုင်သောမြို့လေးသည်
ကျွန်တော်တို့လူမျိုးများကိုးကွ
ကျွန်တော်တို့မြို့လေးတွင် သပိတ်မှောက်သူများအား တန်ပြန်သပိတ်ပြုလုပ်ရာမှစ၍ကျွန်
ထိုသို့ဖြစ်ပွားပြီးနောက် သပိတ်အဖွဲ့များအား မြို့ပေါ် ရှိလူမိုက်များ၊ သားသတ်သမားများ၊ ကုလားများကဦးဆောင်ကာ ၎င်းတို့နှင့်မကျေနပ်ချက်ရှိသူများ
ထိုသို့နေထိုင်စဉ်ကာလတွင် ၀င်ငွေကမရှိ၊ ဆန်တစ် ပြည်ဈေးနှုန်းမှာလည်း တစ်ရက်ပြီးတစ်ရက်တက်လာကာ အရေးအခင်းမဖြစ်ခင်က ဆန်တစ်ပြည် ၂ ကျပ် တစ်မတ် ကနေ အရေးအခင်းကာလအတွင်း ဆန်တစ်ပြည် ၂၅ ကျပ်ဖြင့် ၀ယ်စားခဲ့ရပါသည်။ မ၀ယ်စားနိုင်သောနေ့တွင် ဗိုက် မှောက်ပြီး နေခဲ့ရသောနေ့များလည်းရှိခဲ့ပါသည
ထိုအခြေအနေမှကျော်လွန်မြောက်၍ ယခုကျွန်တော်အသက် ၃၉ နှစ်ပြည့်ခဲ့ပါပြီ၊ ယခင်ကမသိခဲ့တာတွေလည်း ထိုက်သင့်သမျှသိခဲ့ပါပြီ၊ Facebook ၊ Internet တွေပေါ်မှာ အရေးအခင်းကာလက ခေါင်းဖြတ်သတ်ပွဲတွေ တွေ့နေရပါပြီ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်မှဟုတ်ပါ့မလားသံသယ၀င်မိအောင
ကျွန်တော်တို့လိုလားသည်မှာ အပူအပင်ကင်းမဲ့စွာလုပ်ကိုင်စား သောက်နိုင်ရေးနှင့် နှောင်းလူငယ်များပညာ သင်ကြားခွင့်၊ တန်းတူရရှိရေးနှင့် ကြီးနိုင်ငယ်ညှင်းပပျောက်ရေးတို
ကိုလေးလွင်
http://amayeainn.blogspot.com/