Wednesday, August 14, 2013

ရန်ကုန်မြို့အတွင်း တစ်လလျှင် ကားငါးစီးနှုန်း အခိုးခံနေရ

0 comments

သြဂုတ်လ(၁၄)ရက်
Photo: ရန်ကုန်မြို့အတွင်း တစ်လလျှင် ကားငါးစီးနှုန်း အခိုးခံနေရ

14.8.2013

ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တစ်လလျှင် ပျမ်းမျှကားငါးစီးနှုန်း အခိုးခံနေရကြောင်း သိရသည်။

ယခုနှစ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကားခိုးမှု ၃၁ မှု ဖြစ်ပွားခဲ့ပြီး ထက်ဝက်ကျော် ဖြစ်စဉ်မှ ကျူးလွန်သူများကို ဖမ်းမမိသေးဘဲ စုံစမ်းစစ်ဆေးနေသည့် အဆင့်သာ ရှိနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါ ကားခိုးခံရမှု ၃၁ မှုမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကားခိုးခံရမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "ယာဉ်ပိုင်ရှင်အနေနဲ့ မိမိရဲ့ကားကို အလွယ်တကူ လမ်းဘေးမှာ မရပ်ထားသင့်ဘူး။ ကားထဲမှာလည်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မြင်သာအောင် ထားခဲ့တာမျိုး မလုပ်သင့်ပါဘူး။ အခု ကားခိုးခံရတဲ့ ဖြစ်စဉ်အများစုတွေရဲ့ ယာဉ်တွေက မော်ဒယ်နိမ့် ကားအမျိုးစားတွေ ဖြစ်ပါတယ်။ အဲဒီကားတွေက သော့တုနဲ့ ဖွင့်လို့လွယ်ကူတဲ့အတွက် ဖြစ်တယ်လို့ ယူဆတယ်။ ဒီလိုဖြစ်စဉ်တွေကို ကျူးလွန်သွားလို့ မမိသေးတဲ့ သူတွေကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ရဲ့ နည်းလမ်းတွေအတိုင်း ဆောင်ရွက်နေပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကားခိုးခံရမှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် ရန်ကုန်မြို့နေ ယာဉ်ပိုင်ရှင်များက နေ့စ စိုးရိမ်မှုများ ဖြစ်ပွားနေကြောင်းလည်း ယာဉ်ပိုင်ရှင်များ၏ ပြောကြားချက်အရ သိရသည်။

လသာမြို့နယ်တွင် နေထိုင်သူ ယာဉ်ပိုင်ရှင် ကိုကျော်ကျော်ဦးက "အခု ရန်ကုန်မြို့မှာ လူနေတိုက်ခန်းတွေ အများအပြား ဆောက်လုပ်လာတယ်။ ဒါပေမဲ့ ယာဉ်ရပ်နားဖို့ သီးသန့်နေရာ မရှိတဲ့အတွက် ကြုံသလို လမ်းမပေါ်မှာပဲ ရပ်ထားရတယ်။ ဒါကြောင့် ကိုယ့်ကားဆီ ပြန်သွားတဲ့အခါမှာ ဘယ်အချိန် အခိုးခံရမလဲဆိုတာ ရင်တမမနဲ့ နေ့တိုင်းစိုးရိမ် နေရပါတယ်" ဟု သြဂုတ် ၁၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇူလိုင် ၁၈ ရက် နံနက် ၁၁ နာရီခန့်က မြန်မာနိုင်ငံသားများဘဏ် လီမိတက်၏ အကြီးတန်း အထွေထွေမန်နေဂျာ ဦး......(၄၅) နှစ်သည် ယာဉ်မောင်းဖြစ်သူ ဦး..... (၄၀) နှစ်နှင့် မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်မှ တိုယိုတာဗန် အဖြူရောင် ကားကိုစီး၍ ပန်းဘဲတန်းမြို့နယ်၊ ၃ ရပ်ကွက်၊ ရွှေဘုံသာလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ စီးပွား/ကူးသန်း ၀န်ကြီးဌာန၊ တိုင်းဦးစီးရုံးသို့ အစည်းအဝေး တက်ရောက်နေရာ ကားပေါ်၌ ယာဉ်မောင်းသာကျန်ခဲ့ပြီး အစည်းအဝေးတက်အပြီး မွန်းလွဲ ၂ နာရီခန့်တွင် ယာဉ်မောင်းဖြစ်သူက ရုံးထဲသို့ လိုက်လာကာ အိတ်အားကူသယ်ပေးပြီး ကားရှိရာသို့ ပြန်လာစဉ် ကားမှာရပ်ထားရာနေရာတွင် မရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ လသာလမ်းမပေါ်တွင် ညအိပ်ရပ်နားထားသော ယာဉ်များအား တွေ့ရစဉ်

Eleven Media Group

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here