Wednesday, September 18, 2013

၁၉၉၀ စက်တင်ဘာတွင် ဖြစ်ပွားသည့် ထောင်တွင်းတိုက်ပွဲ (၂၃) နှစ်မြောက် အခမ်းအနားကို ကျင်းပခြင်းမှာ သမိုင်းအမှန် ပေါ်ပေါက်ရန်သာ ဖြစ်ဟုဆို

0 comments
18.9.2013

၁၉၉၀ စက်တင်ဘာ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်တွင်း ဆန္ဒပြပွဲ (၂၃)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ လက်စားချေလိုခြင်း မဟုတ်ဘဲ သမိုင်းအမှန် ပေါ်ပေါက်ရေး အတွက်သာဖြစ်ကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင် ကိုလှဌေးက ပြောကြားသည်။
အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီက ရန်ကုန်မြို့ ရွှေတောင်ကျောင်းတိုက်တွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းကထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ အောင်နိုင်မှု ရက် ၁၀၀ ပြည့်လည်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးအပ်ရမည့် နောက်ဆုံးရက်လည်း ဖြစ်သောကြောင့် ထိုရက်မတိုင်မီ စက်တင်ဘာလအတွင်း အကျဉ်းသားများ နေထိုင်ရာ အဆောင် (၂)မှ စတင်ကာ အစာငတ်ခံ ဆန္ဒပြ . . . . .
၁၉၉၀ မေ ၂၇ ရက်တွင် ကျင်းပသည့် အထွေထွေရွေး ကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့သောကြောင့် ထောင်တွင်း၌ ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ အနေနှင့် ၎င်းတို့၏ လွတ်မြောက်ရေးအတွက် မျှော်လင့်ခဲ့ကြသည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။ ထိုအချိန်က ထောင်တွင်းရှိ အခြေအနေများအရ နိုင်ငံရေး အကျဉ်းသားများကို စာဖတ်ခွင့် ပိတ်ပင်ထားခြင်း၊ ပုံစံထမင်းအား ၀လင်အောင် ကျွေးမွေးမှု မရှိခြင်း စသည်ဖြင့် နိုင်ငံရေး အကျဉ်းသားများအား မတရားဖိနှိပ်ခြင်းများ ဖြစ်ပေါ်နေချိန်လည်း ဖြစ်သည်ဟု ကိုလှဌေးက ဆိုသည်။
စက်တင်ဘာ ၂၇ ရက်သည် ရွေးကောက်ပွဲ အောင်နိုင်မှု ရက် ၁၀၀ ပြည့်လည်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးအပ်ရမည့် နောက်ဆုံးရက်လည်း ဖြစ်သောကြောင့် ထိုရက်မတိုင်မီ စက်တင်ဘာလအတွင်း အကျဉ်းသားများ နေထိုင်ရာ အဆောင် (၂)မှ စတင်ကာ အစာငတ်ခံ ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။ အစာငတ်ခံ ဆန္ဒပြပွဲ စတင်ချိန်တွင် တောင်းဆိုချက်များ အနေနှင့် ထမင်းအား စားနိုင်သမျှပေးရန်နှင့် အစိုးရက တရားဝင် ထုတ်ထားသည့် သတင်းစာများအား ဖတ်ခွင့်ပေးရန်တို့ဖြစ်ပြီး အဆောင်တစ်ဆောင်နှင့် တစ်ဆောင်ကြား ဖြစ်ပေါ်နေသည့် အခက်အခဲများ မတူညီကြသောကြောင့် တောင်းဆိုချက်များလည်း ကွဲပြားခဲ့သည်ဟု ကော်မတီဝင်များက ပြောကြားသည်။
အဆိုပါ ထောင်တွင်းတိုက်ပွဲတွင် နိုင်ငံရေး အကျဉ်းသား အားလုံးနီးပါး ပါဝင်ခဲ့ပြီး ပါဝင်ခဲ့သူများအား အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ NIB (MI, SB စစစ အစရှိသည့် ထောက်လှမ်းရေး တပ်ဖွဲ့များ) က ထောင်ဥပဒေပါ အချက်များထက် ကျော်လွန်ကာ ရိုက်နှက်ညှဉ်းပန်းစေရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်ဟု ကိုယ်တိုင်ညှဉ်းပန်းခံရသူ ကိုအောင်ဇေယျက ပြောကြားသည်။
သံလျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသည်ဟုဆိုကာ သေဒဏ်ကျခံခဲ့ရသည် ကိုသန်းဇော်က "စာရေးဆရာ မောင်သော်က ကျွန်တော်တို့ကို ပြောတာက လုပ်ရင်အကြီးပဲလုပ်။ သေးသေးလေးတွေ မလုပ်နဲ့လို့ပြောလို့ ကျွန်တော်တို့က ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီအား အာဏာလွှဲအပ်ရေး.....
ဒို့အရေး၊ အကျဉ်းသားတွေ လွတ်မြောက်ရေး...ဒို့အရေးလို့ ကြွေးကြော်ကြတယ်။ စက်တင်ဘာ ၂၄ ရက်ညက ကျွန်တော်တို့တိုက်ထဲမှာ ကလေးတွေက ကမ္ဘာမကျေဘူးကို စဆိုရာကနေ အရှိန်မြင့်လာတယ်။ အဲဒီညကတော့ ကျွန်တော်တို့ကို လာချော့တယ်။ မနက်ကျတော့ ကျွန်တော်တို့တိုက်ကို တံခါးဖွင့်မပေးဘူး။ အဲဒီမှာစပြီး တင်းမာလာတယ်။ ကျွန်တော်တို့တိုက်ကနေ ကမ္ဘာမကျေဘူးတို့ ဘာတို့ဆိုတော့ ၁ တိုက် နဲ့ ၃ တိုက်ကို တံခါးတွေ ပြန်ပိတ်တယ်။ အဲလိုပိတ်တော့ NLD က သူရဦးငွေလှိုင် က မ၀င်နိုင်ဘူးလို့ ပြောလိုက်တယ်။ ၉ နာရီ၊ ၁၀ နာရီလောက်ကျတော့ ထောက်လှမ်းရေးတွေ ရောက်လာတယ်။ တိုက်ထဲကို Walkie Talkie တွေ ယူလာပြီး အထက်ကို သတင်းပို့တယ်။ နောက်တော့ အင်းစိန်တစ်ထောင်လုံး စာဥသီချင်းဖွင့်ပြီး ရိုက်တော့တာပဲ။ အသက်ကြီးတဲ့ လူတွေလည်း မရှောင်ဘူး၊ မတရားရိုက်တယ်။ ပြောရရင် ဦးသော်က သေဆုံးရတာ အရိုက်ခံရတာနဲ့လည်း ပတ်သက်တယ်" ဟု ပြောကြားသည်။
Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here