Monday, August 13, 2012

ရည်းစား ၃ ယောက်နဲ့ စိုင်းစိုင်းခမ်းလှိုင်

0 comments

‘ကာလာစုံ Lesson’ ဆိုတဲ့ ဇာတ်ကား ကို စိုင်းစိုင်းခမ်းလှိုင်က ဖွေးဖွေး၊ မာရီနာ၊ ခင်သဇင်၊ ဆန်းသစ်လတို့နဲ့ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ စိုင်းစိုင်းခမ်းလှိုင် က ကောင်မလေးတွေ ကြည်တဲ့သူ တစ်ယောက်အဖြစ် သရုပ်ဆောင်ထား ပေမယ့် အပြင်ကနဲ့တော့ တော်တော် ကွာမယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။  “ကောင် မလေးတွေ ကြည်တဲ့သူတစ်ယောက် ဇာတ်ရုပ်ကတော့ တော်တော်ကြိုးစားပြီး သရုပ်ဆောင် ရပါလိမ့်မယ်။ အပြင်ကနဲ့ တော်တော်ကွာမှာပေါ့။ ကျွန်တော့်ကို အပြင်မှာ ကြည်မှ မကြည်တာ။ ဒီထဲမှာက ရည်းစား ၃ ယောက်တစ်ပြိုင်တည်း ထားတာလေ။ ကျွန်တော်က အပြင်မှာ ရည်းစား ၃ ယောက် တစ်ပြိုင်တည်း မထားဘူး။ အချစ်ရေး ကလည်း ဘာမှပြောစရာမရှိပါဘူး” လို့ပြောပြပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က “ဆယ့်နှစ်ကြိုးကဝေ”  ဒီဗီဒီဇာတ်ကားမှာ ပရိသတ်တွေရဲ့ ဝေဖန်စာတွေလည်း အများကြီး ရထားပြီး အကောင်းဆုံး aဝဖန်နိုင်သူတွေကို မဲနှိုက်ရွေးချယ်ပြီး ပရိသတ်တွေနဲ့ ညစာစားပွဲ လုပ်ဖို့ကို ၉ လပိုင်းလောက်မှာ လုပ်ဖြစ်မယ်လို့လည်း ပြောပြ ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ဖြည်းဖြည်းနဲ့ မှန်မှန်ချီတက်နေပြီး အကောင်းဆုံး ဖြစ်အောင်လည်း ကြိုးစားနေသလို ပရိသတ်နဲ့ အဆက်မပြတ်အောင် စဉ်ဆက်မပြတ် တင်ဆက် သွားဦးမယ်လို့ ဆိုပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က တစ်ကမ္ဘာလုံးက လူငယ်တွေနည်းတူပဲ Facebook စွဲနေပြီး Personal ခံစားမှုရော၊ အနုပညာ လှုပ်ရှားမှု တွေရော    Facebook စာမျက်နှာကနေ တစ်ဆင့် ပရိသတ်နဲ့ ဆက်သွယ် ပြောတာမျိုးလည်း လုပ်တယ်လို့ပြောပါတယ်။ လတ်တလောမှာတော့ စိုင်းစိုင်းခမ်းလှိုင် က အားကစား လုပ်ရတာကြိုက်တဲ့ အတွက် ကြက်တောင်ရိုက် ဖြစ်နေတယ် လို့လည်း ဆိုတာကြောင့်…”ကျွန်တော်က ချွေးထွက်နေရတာကို ကြိုက်တယ်။ အားလပ်ချိန်မှာ အားကစားရုံ ကိုသွားပြီး လေ့ကျင့်ခန်း လုပ်ဖြစ်တယ်။ ဒီရက်တွေမှာ မိုးတွင်း ဆိုတော့ ကြက်တောင်ရိုက်တာကို စွဲလမ်းနေတယ်။ လူတိုင်းအတွက် အားကစားတစ်ခု လုပ်တာက ကျန်းမာရေး အတွက် အထူးကောင်းမွန်သင့် လျော်တယ်လို့ ထင်တယ်။ ကျွန်တော်က အားကစားတအား ကြိုက်တာ။ အဆိုတော် မဖြစ်လာရင်တောင် အားကစား သမားတစ်ယောက် ဖြစ်ချင်တယ်”လို့ပြောပြခဲ့ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here