Wednesday, August 8, 2012

ညောင်ရွှေနှင့် အင်းလေး

0 comments


ဒါကတော့ စက်လှေစတင်ပြီးထွက်တာနဲ့  တွေ့ နိုင်တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီလိုမျိုးအိမ်ဆောက်ပုံလေးတွေကို အင်းလေး
ကန်တစ်လျှောက်လုံးမှာတွေ့ ရမှာပါ။

ဒီပုံကတော့ ဘာအဆောက်အဦးရယ်လို့ တော့ ကျနော်မသိပါဘူး။ အဝေးက မြင်လို့ ဖမ်းရိုက်ထားတာပါခင်ဗျာ။


ဒါကတော့ ရေပေါ်စိုက်ခင်းများဖြစ်ပါတယ်။ ၀ါးလုံးတွေစိုက်ထားတာကတော့ စိုက်ခင်းတွေရေနဲ့  မျောမသွားအောင်လို့ ပါ။
များသောအားဖြင့် စိုက်ပျိုးတဲ့သီးနှံကတော့ ခရမ်းချဉ်သီးပဲဖြစ်ပါတယ်။

ဟင်္သာရုပ်ပါ။

အင်းလေးထဲမှာ လျှပ်စစ်မီးတွေထိန်ညီးနေတာတွေ့ တော့ ဓါတ်တိုင်တွေကိုလိုက်ရှာတာ.. ဟော..ဒီမှာပါ.. အင်းထဲကဓါတ်တိုင်။

အဲနေ့ က ဈေးနေ့ နဲ့ တိုးလို့ ဈေးရောင်းတာတွေကို တွေ့ ရတာပါ။ ဒီလိုမျိုးရောင်းတာကို ကျနော်တို့ နိုင်ငံမှာပဲတွေ့ နိုင်တယ်
နော်။ အဲလိုရောင်းတာတွေတွေ့ လိုက်တော့.. ကြည်နူးမိပါတယ်။ ငယ်ငယ်က ဈေးသွားတုန်းက တွေ့ ရတဲ့ပုံစံမျိုးပဲလေ။
အချိန်ဟောင်းတွေကိုတောင် ပြေးသတိမိလေရဲ့ ။


မည်းမည်းနဲ့ က လက်ဖက်ခြောက်ပါ။ ဈေးထဲမှာ ”စားလို့ ရတဲ့ မြေကြီး” တွေတောင် တွေ့ လို့ ဝယ်ဖြစ်လိုက်ပါတယ်။ အရသာ
ကတော့.. အင်း..မပြောပြတတ်ဘူးပဲ။ ဖော့စားရသလိုတော့ မဟုတ်ပါဘူး။ အနံ့ ကတော့ သင်းသင်းလေးပါ။ မြေကြီးဆိုတဲ့
အသိစိတ်ကရှိနေလို့ လားတော့ မသိဘူး သိပ်ပြီးတော့ မစားဖြစ်ပါဘူး။


ဒါလဲပဲ ဈေးရောင်းတဲ့မြင်ကွင်းပေါ့နော်။ ဒါပေမယ့် ဒီမှာထူးခြားတာလေး တစ်ခုတော့ ပြောပြချင်ပါတယ်။ နောက်ခံကို ကြည့်
လိုက်မယ်ဆိုရင်.. မိုးက အုံ့ အုံ့ လေး၊ ပြီးတော့ ဖြူစင်တဲ့ဝတ်စားပုံနဲ့  ဈေးရောင်းတဲ့ စတိုင်လ်နဲ့  အရမ်းကိုလိုက်ဖက်တယ်လို့ 
ကျနော်ခံစားရပါတယ်။ ဒီလို လှပမှုမျိုးကို အဲမှာပဲ တွေ့ နိုင်မယ်လို့ ထင်ပါတယ်။


ဒါကတော့ မုန့် လုပ်နေတာပါ။ မစားလိုက်လို့ မသိလိုက်ပါဘူး။


ဒီပုံကလဲ..ငယ်ငယ်က ပုံရိပ်တွေကို သတိပေးတဲ့ဓါတ်ပုံလေးဖြစ်ပါတယ်။ ငယ်ငယ်တုန်းက လေးကွဖြစ်တာကို မခုံမင်ပေမယ့်
လို့ လဲ.. သူငယ်ချင်းတွေနဲ့  တော့ လောက်စာလုံး.. လုံးဖြစ်ပါတယ်။


ဒီဆောင်းတန်းကတော့ ရှေးဟောင်းစေတီကိုသွားဖူးတဲ့ လမ်းဖြစ်ပါတယ်။ အဲနေ့ တုန်းကတော့
တန်ဆောင်းကို တစ်လျှောက် ၂၅ မိနစ်လောက်လမ်းလျှောက်ပြီးသွားတဲ့အခါမှာ တွေ့ မြင်ရမယ့် ရှေးဟောင်းစေတီများဖြစ်ပါ
တယ်။ (တန်ဆောင်းတစ်လျောက်မှာတော့ ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ ဈေးဆိုင်တွေရှိပါတယ်)

ဒါကတော့ အင်းလေးကန်က နာမည်ကြီး ဘုရားများကိုးကွယ်ပူဇော်ဖို့  ထားတဲ့နေရာဖြစ်ပါတယ်။

ဒါကတော့ ရေလယ်စားသောက်ဆိုင်ပါ။


ဒါကတော့ ရေလယ်မှာတည်ထားကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းပါ။ (ကြောင်ခုန်ဘုန်းကြီးကျောင်းလို့ ခေါ်တယ်ထင်ပါတယ်။
ဧည့်သည်တွေသွားရောက်ကြည့်ရှုတဲ့အခါမှာ ကြောင်တွေက အမျိုးမျိုးခုန်ပြတယ်လို့ ပြောပါတယ်။ အဲနေ့ က မိုးနဲနဲရွာတာ
ရယ်ကြောင်ခုန်တာ.. စိတ်ဝင်စားစရာလားလို့ တွေးမိပြီး မ၀င်ကြည့်ဖြစ်ပါဘူး။ နောက်တစ်ခုကတော့ ပိုက်ဆံပေးရတယ်ဆို
လို့ ပါ။)


ဒီပုံလေးကတော့ နောက်ဘုန်းကြီးကျောင်းတစ်ခုပါ။


အင်းထဲရောက်မှတော့ ကြာသင်္ကန်းယက်လုပ်တာလေးကြည့်ပြီး ဘုရားကပ်ဖို့ ဝယ်မယ်စိတ်ကူးပြီး သွားကြည့်ဖြစ်ပါတယ်။
ဒါလေးကတော့ ကြာကနေ ကြာချည် တွေကိုယူပြီး မပြတ်မတောက်ပဲ.. ယက်လုပ်ဖို့ အသင့်ဖြစ်အောင်လုပ်နေတာပါ။ ကျ
နော်ငယ်ငယ်တုန်းကတော့ အိမ်ကဒီလိုလုပ်တာ တွေ့ ဖူးပါတယ်။ ဒါပေမယ့် အဲတုန်းက ဘာမှ မသိလိုက်ပါဘူး။


ကြာချည်တွေကို သင်္ကန်းဖြစ်လာအောင် ပဏာမ လုပ်နေတာပါ။ ကြာပန်းကနေ သင်္ကန်းတစ်ခုဖြစ်လာဖို့ ဆိုတာ လွယ်တဲ့
ကိစ္စမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ၁ နှစ်ခွဲထိ အချိန်ယူပါတယ်။ ဒါကြောင့်မို့  ဈေးနှုန်းကလဲ ကြီးပါတယ်။ သင်္ကန်းတစ်စုံကို ၁၅ သိန်းပေးရပါတယ်ခင်ဗျာ။ .......................ရှမ်းကလေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here