ဤ ပို့လေးသည် သျှာမ်း နှင့် မြန်မာ နှစ်ဘာသာတွဲပြီး လေ့လာလွယ်အောင် ရေးသားထားပါသည်။ အစမှ အလယ်- အဆုံးထိအောင် အစီအစဉ်အတိုင်းလေ့လာသွားပါ ကလွယ်ကူစွာ တတ်မြောက်နိုင်ပါလိမ့်မည်။ သျှာမ်းအသံထွတ်နှင့် အနီးစပ်ဆုံးဖြစ်အောင်လည်း တတ်နိုင်သလောက် ကျိုးစားပြီး သတ်ပုံ သတ်ညွှန်းများရှာဖွေ၍ ပြုစုထားပါသည်။
- (ပ)သတ်နှင့် (မ) သတ်ပါ သောစာလုံးများဆိုပြီး ပါးစပ်ပိတ်ရမည်။
- ဥပမာ (ကမ်) CUM (ကပ်) CUP စာလုံးများ ပါးစပ်ပိတ်သံဖြစ်သည်။
- (ယင်) ကို မသတ်လိုက်ရင် (YIEM) ယင်(မ်)-ငှါးသည်။ ပါးစပ်ပိတ်သံ။
- (၀) မသတ်ပြီး (န) သတ်လိုက်ရင် (NON)(နောန်း) အိပ်သည်။ ပါးစပ်ပိတ်သံမဟုတ်။
- (ကွာ) ကို (မ) သတ်လိုက်ရင် (ကွာမ်း) စာကား။ ကွာမ်းတိုင်း-သျှာမ်းစကား။
- (လော)ကို တ. သတ်လိုက်ရင် (LOT) လောတ်နမ့်-ရေပိုက်။
- (မေ) ကို တ. သတ်လိုက်ရင် (MEAT)မေတ့်-မိနစ်။
- (ဆစ်)ကို ပ. သတ်လိုက်ရင် (SIP) ဆစ်(ပ်း)တစ်ဆယ်။
- (ကော) ကို . ၀ သတ်လိုက်ရင် ကောင့်-ကိုး(အရေအတွက်)။
- (ဆဲ) ကို န. သတ်လိုက်ရင် ဆဲန်-တစ်သိန်း
- (ကော)ကို တ. သတ်လိုက်လို့ရှိရင် (COD)ကောတ်း-မွဲသည်။
နှုတ်ဆက်-မေးဖြေခန်း |
သျှမ်း | မြန်မာ |
မိုင်ဆုန် | မင်္ဂလာပါ |
ယူလီဟား | နေကောင်းရဲ့လား |
ယူလီယူ | နေကောင်းပါတယ် |
မားမေလိုင် | ဘယ်တုန်းက လာသလဲ |
မားမေ၀ါး | မနေ့က လာတယ် |
မားမေနိုက် | ဒီနေ့ပဲ လာတယ် |
မားဟင်ယော့(၀့်) | လာတာကြာပြီ |
တေမေးယော(၀်)ဟား | ပြန်တော့မလား |
တေမေးယော(၀့်) | ပြန်တော့မယ် |
အမ်ပိုင်မေး | မပြန်သေးဘူး |
တေမေးမေ့လိုင် | ဘယ်တော့ပြန်မလဲ |
မားဆိဆန် | ဘာလာဝယ်သလဲ |
မားခိုင်ဆန် | ဘာလာရောင်းသလဲ |
မားဆိကား | ကားလာဝယ်တယ် |
ဆိယော(၀့်)ဟား | ၀ယ်ပြီးပြီလား |
အမ်ပိုင်ဆိ | မ၀ယ်သေးဘူး |
ဆီယော(၀့်)ယော(၀့်) | ၀ယ်ပြီးပြီ |
တိတ့်ဟာယူ | ရှာနေဆဲပဲ |
ဟာပိုင်ညား | ရှာလို့မတွေ့ သေးဘူး |
စွယ်ဟာပန်ဟောင်းလယ့် | ကျွန်တော်တို့ကိုကူရှာပေးပါ |
ဆူဟုဟား | ခင်ဗျားသိသလား |
ဆူမီးနယ် | ခင်ဗျားရှိသလား |
ဆူဟန်ဟိ | ခင်ဗျားမြင်သလား |
နွန်းတီလိုင် | ဘယ်မှာတည်းသလဲ |
နွန်းဟင်း(မ်)နိုက် | ဒီနားမှာတည်းတယ် |
နွန်းတီပွန့် | ဟိုဖက်မှာတည်တယ် |
နွန်းကိုင်နာ | အဝေးကြီးမှာတည်းတယ် |
အမ်ပေါကိုင် | သိပ်မဝေးဘူး |
စမ်စမ်ကွဲ | နီးနီးပဲ |
တန်းဝမ်းအောက် | အရှေ့ဖက်မှာ |
တန်းဝမ်းတုတ် | အနောက်ဖက်မှာ |
တန်းဟောင် | မြောက်ဖက်မှာ |
တန်းစန်း | တောင်ဖက်မှာ |
မား လိုင်ကော့ | ဘယ်နှစ်ယောက် လာသလဲ |
မား ဆမ်ကော့ | သုံးယောက် လာတယ် |
မေဖုတ် | မနက်ဖြန် |
ဟောင်းသေးမား | ကျွန်တော်တို့လာမယ် |
ဆူပိုင့်ဝိုက်နာ့ | ခင်ဗျား စောင့်နေပါနော် |
နောက်ဆက်တွဲ သျှာမ်းစကားများကိုဆက်လက်တင်ပြသွားပါမည်။ ☺အားလုံးကိုလေးစားလျှက်ဇော်ဇော်ကို☻ |