Thursday, August 16, 2012

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် လူတစ်ဦး ကြိုးဆွဲချသေဆုံး

0 comments
၈.၈.၂၀၁၂ ည ၂၃း၃၀ချိန်ခန့်၌် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် အသက် ( ၂၇ )နှစ်အရွယ်ရှိသော ကိုကိုလွင်သည် မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးသွားကြောင်းသိရှိရသည်။


ကြိုးဆွဲချသေဆုံးသူ၏ အလောင်းအား ကြိုးဖြတ်ပြီး ရင်ခွဲရုံသို့ သယ်ယူပို့ဆောင်ရန်အတွက် မြို့နယ်ရဲစခန်းမှ အလင်းရောင်ပရဟိတအသင်းအား အကူညီတောင်းလာ၍ အလင်းရောင်ပရဟိတအသင်းမှ သွားရောက်ကာ 9.8.2012 1:30AM ခန့်တွင် အလောင်းအား သယ်ယူပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။


တာချီလိတ်မြို့တွင် ပြီးခဲ့သော ဇူလိုင်လ နှင့် ယခုသြဂုတ်လတွင်းတွင် မိမိကိုယ်ကိုယ် သတ်သေမှု (၄)မှုရှိခဲ့သည်။ မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးမှု ( ၃)မှုနှင့် မိမိကိုယ်ကိုယ် လည်လှီးသေဆုံးမှု (၁)မှု တို့ ရှိခဲ့ကြောင်း သိရှိရပါသည်။

ပုံများကိုကြည့်ရန်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here