Thursday, August 16, 2012

တာချီလိတ်ဆိုင်ကယ်အစည်းအရုံးမှ လစဉ်ကြေးလျော့ချပေးစေလို

0 comments
တာချီလိတ်မြို့မှာ ဆိုင်ကယ်တက္ကစီဆွဲခွင့်နဲ့ပတ်သက်ပြီး ၂၀၀၁ခုနှစ်ကစ၍ တာချီလိတ်ဆိုင်ကယ် အစည်းအရုံးဆိုပြီး ဖွဲ့စည်းခဲ့ကြပါသည်။ ယခု ၂၀၁၂ တွင် အစီးရေ(၈၅၀)ရှိပြီး (၁)စီးလျှင် ပြေးဆွဲခွင့်နှင့်လစဉ် ကြေး(၁၅၀) ဘတ်ပေးသွင်းရပါသည်။ ၁၅၀ ဘတ်ကို ဆိုင်ကယ်အစီးရေ ၈၅၀ နဲ့ တွက်မယ်ဆိုလျှင် ၁၂၇,၅၀၀ ဘတ်ရရှိသည်။ ၁၂၇,၅၀၀ ဘတ်ဟာ (၁)လ ရရှိငွဖြေစ်ပြီး (၁)နှစ်လျှင် ၁,၅၃၀,၀၀၀ ဘတ်ရပါသည်။ ကျပ်နဲ့တွက်ကြည့်လျှင် တစ်နှစ်ကို ကျပ်သိန်း ၅၆၆ သိန်းကျော် ဆိုင်ကယ်တက္ကစီဆွဲသမားများမှ ကောက်ခံရရှိကြပါသည်။

အထက်ပါအတိုင်း သတ်မှတ်ကြေးနှုန်းအဖြစ် ကောက်ခံခြင်းအတွက် သူတို့ဘက်မှ ဆိုင်ကယ်တက္ကစီ ဆွဲသမားများအနေနဲ့ ဘာအကူအညီမှ မရသလို ဘာလုံခြုံမှုမှလည်း မရပါ။ ကောက်ခံထားတဲ့ ငွေတွေကို
ဆိုင်ကယ်အစည်းအရုံးအဖွဲ့ဝင်များ ဌာနဆိုင်ရာအသင်းအဖွဲ့များနဲ့ အမည်ခံပုဂ္ဂလိကတို့က ခွဲဝေယူထားတဲ့ ဆိုင်ကယ်အသင်းများနဲ့ လူအနည်းစုသာ အကျိုးဖြစ်ထွန်းနေပါသည်။

ကျွန်တော်တို့ ဆိုင်ကယ်ဆွဲသမားများဟာ ဆိုင်ကယ်ဆွဲရဖို့ ဆိုင်ကယ်ဝယ်ရတဲ့အပြင် ကျောနံပါတ်ပါတဲ့ ဆိုင်ကယ်တက္ကစီအင်္ကျီ ကိုလည်း ဈေးကြီးပေးပြီး ဝယ်ရပါသည်။ အခုဆိုလျှင် ဆိုင်ကယ်တက္ကစီအင်္ကျီ
များရဲ့ ဈေးအမြင့်ဆုံးမှာ ၁၀,၀၀၀ ဘတ်မှ ၃၅,၀၀၀ ဘတ်အထိ ရှိနေပါပြီ။

လစဉ် ၁၅၀ဘတ် ပေးနေ၇သည်မှာ များပြားလွန်းလှပါသည်။ တစ်ချို့ ဆိုင်ကယ်တက္ကစီဆွဲ သမားများ ဆိုလျှင် တစ်လ ၁၅၀ ကို မပေးနိုင်၍ ၃-၄လစာ အကြွေးတင်တာလည်းရှိပါသည်။ အဲ့လို
အကြွေးတင်လာတဲ့အခါ ဆိုင်ကယ်အစည်းအရုံးတာဝန်ခံများက ကျွန်တော်တို့အနေနဲ့ ဈေးကြီးပေးဝယ်ထားရတဲ့ ဆိုင်ကယ်တက္ကစီပြေးဆွဲခွင့် အင်္ကျီကို သိမ်းမည်ဟု ပြောလာတာလည်း ရှိပါသည်။

တာချီလိတ်ဆိုင်ကယ်အစည်းအရုံးအနေဖြင့် ဆိုင်ကယ်တက္ကစီသမားများမှ အလကားပေးနေရတဲ့ လစဉ်ကြေးကို တလ(၅၀)ဘတ် သတ်မှတ်ပေးစေလိုပါသည်။ အဲ့လိုမှ မဟုတ်ရင်တော့
နိုင်ငံတော်အစိုးရအနေနဲ့ ကြီးကြပ်ကောက်ခံစေချင်ပါသည်။

တာချီလိတ်ဆိုင်ကယ်တက္ကစီအဖွဲ့သားများ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here