Monday, August 27, 2012

ဆမ်ဆောင်းရှယ်ယာ ၇ ရာခိုင်နှုန်းအထိ ကျဆင်း

0 comments


ဩဂုတ် ၂၄ ရက်မှာ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်တဲ့ အဲပယ်လ် (Apple) ကုမ္ပဏီက ဥပဒေကြောင်းအရ ဆမ်ဆောင်းနဲ့ ဖြစ်ပွားနေတဲ့ အမှုကို အနိုင်ရခဲ့ပြီးတဲ့နောက်မှာ အခုလို ကျဆင်းသွားတာ ဖြစ်ပါတယ်။
ဒီကျဆင်းမှုဟာ ၂၀၀၈ အောက်တိုဘာ နောက်ပိုင်း အများဆုံး ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လတွေတုန်းက အဲပယ်လ်ထုတ် အိုင်ဖုန်းနဲ့ အိုင်ပက်က အင်္ဂါရပ်တွေကို ယူသုံးတယ်ဆိုပြီး ဆမ်ဆောင်းကို အဲပယ်လ်က အမေရိကန် တရားရုံးမှာ တရားစွဲခဲ့ပါတယ်။
အရင်ရက်ပိုင်းမှာ တရားရုံးက ဆမ်ဆောင်းဟာ ကူးယူ သုံးစွဲတယ် ဆိုတာကို တွေ့ရှိခဲ့ပြီးတော့ ဒေါ်လာ ၁.၀၅ ဘီလီယံ အဲပယ်လ်ကို ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီဝင်ငွေကို ထိခိုက်မှာကိုလည်း ရင်းနှီးမြှုပ်နှံသူတွေက ပူပန်နေသလို ဆမ်ဆောင်းအနေနဲ့ ဒီအမှုကို အယူခံဝင်သွားမှာလည်း ဖြစ်ပါတယ်။
ဒီနှစ်အတွင်းမှာ အနီးကပ် စောင့်ကြည် အာရုံစိုက်ခံရတဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ အမှုလည်း ဖြစ်ခဲ့ပါတယ်။ ဒီမူပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ လုပ်ထုံး လုပ်နည်းတွေကြောင့်လည်း ဆမ်ဆောင်းဝင်ငွေဟာ ဒီနှစ်မှာ ၄ ရာခိုင်နှုန်းလောက် ကျသွားမယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဆမ်ဆောင်းပစ္စည်းတွေ အမေရိကန်မှာ မရောင်းချဖို့အတွက်လည်း အဲပယ်လ်က လျှောက်ထားမှာဖြစ်ပြီးတော့ စက်တင်ဘာ ၂၀ တရားရုံးမှာ ကြားနာမယ်လို့လည်း ဆိုပါတယ်။
ဆမ်ဆောင်းအတွက် အကြီးမားဆုံးသော ပူပန်မှုကတော့ အဲပယ်လ်က ဆမ်ဆောင်း နောက်ဆုံး ထုတ်လိုက်တဲ့ ဂလက်စီ အက်စ်သရီးကို ပစ်မှတ်ထား မထား ဆိုတာပါပဲ။ အမှုမှာလည်း ဒီဖုန်းဟာ ပတ်သက်ခြင်းမရှိဘဲ အရင် ထုတ်ခဲ့တဲ့ ကုန်ပစ္စည်းတွေကို ပစ်မှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဖုန်းဟာ ဆမ်ဆောင်းရဲ့ ရောင်းအား အကောင်းဆုံး ဖုန်းလည်း ဖြစ်နေပါတယ်။
ဆမ်ဆောင်ဒုဥက္ကဋ္ဌ ခေါင်းဆောင်ပြီးတော့ အမှုဆောင် အရာရှိတွေကလည်း ဖုန်းနဲ့သက်ဆိုင်တဲ့ ဌာနနဲ့ အရေးပေါ်ဆွေးနွေးတာတွေ လုပ်ဆောင်နေပါတယ်။
ဗြိတိန် တရားရုံးကတော့ အဲပယ်လ် ကုမ္ပဏီ စွဲဆိုချက်ကို ပယ်ချခဲ့သလို တောင်ကိုရီးယား တရားရုံးကတော့ အပြန်အလှန်ခိုးယူနေတယ်လို့ ပြောပါတယ်။
ref: DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here