
မြန်မာနိုင်ငံမှ ပြည်ပသို့နှစ် စဉ် ငါးရှဉ့်များတင်ပို့လျက်ရှိရာ ၂၀၁၂-၁၃ဘဏ္ဍာရေးနှစ်တွင် တင်ပို့မှုအားကောင်းပြီး ငါးရှဉ့် ဈေးကောင်းလျက်ရှိကြောင်း မြန်မာနိုင်ငံငါးရှဉ့်လုပ်ငန်းရှင်များ အသင်းထံမှသိရသည်။ငါးရှဉ့် ကြမ်းခင်းဈေးမှာ(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၃၅၀၀)သတ် မှတ်ထားသော်လည်း လက်ရှိ တွင် အမေရိကန်ဒေါ်လာ(၃၈၀၀) အထိရှိနေကြောင်း ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဧပြီလမှသြဂုတ် လ ဒုတိယအပတ်အထိ ငါးရှဉ့် တင်ပို့မှုရရှိငွေသည် အမေရိကန် ဒေါ်လာ(၁၃.၅၁၈)သန်းရရှိထား ပြီး ၂၀၁၁၀၁၂ဘဏ္ဍာရေးနှစ်တွင် (၁၁.၂၃၀)ရရှိခဲ့သဖြင့် မြှင့်တက် လာခဲ့ကြောင်း မြန်မာနိုင်ငံမှ ငါးရှဥ့်များပြည်ပသို့တင်ပို့ရောင်း ချရာတွင် တရုတ်ပြည်မှအများဆုံး ၀ယ်ယူပြီးတစ်နေ့လျှင်ပိဿာ(၅၀) ၀င် သေတ္တာကြီးများဖြင့် မူဆယ်၊ ချင်းရွှေဟော်၊လောက်ကိုင်စသည့် ဒေသများသို့ သေတ္တာပေါင်း(၂၅၀) မှ(၆၀၀)အထိ တင်ပို့နေရကြောင်း သိရသည်။
၂၀၁၀-၂၀၁၁ခုနှစ်ဘဏ္ဍာ ရေးနှစ်တွင် ငါးရှဥ့်တင်ပို့မှုမှာ မက်ထရစ်တန်ချိန်(၈၀၀၀)နီးပါး တင်ပို့ခဲ့ရပြီး အမေရိကန်ဒေါ်လာ (၂၃)သန်းရရှိကာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မက်ထရစ် တန် (၁၆၀၀၀)ကျော်ထိတိုးတက် တင်ပို့ခဲ့ရကြောင်း ဈေးကောင်း လည်းရရှိကြောင်း မြန်မာနိုင်ငံ ငါးရှဥ့်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ref: Hot News
ကျားမာန်