Monday, August 27, 2012

တောင်တွင်းကြီးမြို့၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်း

0 comments
(တောင်တွင်းကြီး သြဂုတ် ၂၆)
မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းရေး (၂/၂ဝ၁၂) အစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ၂ နာရီက ငါးဆင့် အနောက်ကျောင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ကျဆုံး လေပြီးသော ဗိုလ်ချုပ် အောင်ဆန်းနှင့်  အာဇာနည် ခေါင်းဆောင်ကြီး များကို   တက်ရောက် လာကြသူများက တစ်မိနစ်ခန့် ငြိမ်သက်၍ အလေးပြု ခဲ့ကြပြီး ဦးသိန်းအောင်က အဖွင့်အမှာ စကားကို လည်းကောင်း၊ ဦးစိုးမင်း (စော်ဘွားကြီး)က ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ် အမြန်ဆုံး အကောင် အထည် ဖော်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူ များ၏ ဆန္ဒ သဘောထား အရ ဦးအောင်ဆန်းဦး (ဥက္ကဋ္ဌ)၊  ဦးအောင်ဇော်မိုး (ဒုတိယ ဥက္ကဋ္ဌ)၊ ဦးစိုးမင်း (အတွင်းရေး မှူး-၁)၊ဦးမောင်ဆန်း (အတွင်းရေးမှူး -၂)၊ ဦးမြင့်အောင် (အတွင်းရေးမှူး -၃)၊ ဦးစိုးလွင်(ဘဏ္ဍာရေးမှူး)၊ ဦးထွန်း(စာရင်းစစ်)တို့ အပါအဝင် အဖွဲ့ဝင်၂၁ ဦးဖြင့် ဗိုလ်ချုပ် အောင် ဆန်း ကြေး ရုပ်   ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here