ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ မြင်ကွင်း
ဓာတ်ပုံ-မြနှင်းအေး
ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက အဆိုတင်သွင်းခဲ့သော လွှတ်တော်အသီးသီးက ဖွဲ့စည်း ထားသော ကော်မတီ၊ ကော်မရှင် များသည် ပြည်ထောင်စု အဆင့်မဟုတ်ဟု ဆုံးဖြတ်ချက် ချခဲ့သည်မှာ မှားယွင်း ဆောင်ရွက်ခြင်း ဖြစ် ကြာင်း ကြေငြာရန် အဆိုကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၄၆ ဦးက ဆွေးနွေးမည် ဖြစ်ရာ ဆွေးနွေးမည့် လွတ်တော်ကိုယ်စားလှယ် ၄၆ဦးတွင် တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ်သုံးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့လည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း အစီအစဉ်ကြေငြာချက်အရ သိရသည်။
စံချိန်တင် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကြောင့် လိုရင်း တိုရင်း ဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော် နယက ပြောကြား
နေပြည်တော်၊ သြဂုတ် ၂၇
ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက အဆိုတင်သွင်းခဲ့သော လွှတ်တော်အသီးသီးက ဖွဲ့စည်း ထားသော ကော်မတီ၊ ကော်မရှင် များသည် ပြည်ထောင်စု အဆင့်မဟုတ်ဟု ဆုံးဖြတ်ချက် ချခဲ့သည်မှာ မှားယွင်း ဆောင်ရွက်ခြင်း ဖြစ် ကြာင်း ကြေငြာရန် အဆိုကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေး မည် ဖြစ်ရာ ဆွေးနွေးမည့် ကိုယ်စားလှယ် အရေအတွက် များပြားသည့်အတွက် တစ်ဦးလျှင် အချိန် ၁၀ မိနစ်ဖြင့် ဆွေးနွေးပေးပါရန် ပြည်ထောင်စု လွှတ်တော် နယက ဦးခင်အောင်မြင့်က ပြောကြားသည်။
ယင်းအပြင် ကိုယ်စားလှယ် စုံလင်သည်ဖြစ်စေ၊ မစုံလင်သည်ဖြစ်စေ ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဆုံးဖြတ်ချက် အပြီးသတ်ချမှတ်မည်ဖြစ်ကြောင်း လွှတ်တော်တွင် သတင်းရယူနေသော The Voice Weekly သတင်းထောက်က ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်တင်ပြချက်အရ အဆိုပါအဆိုကို ဆွေးနွေးရန် လွှတ်တော်ကိုယ်စား လှယ် ၄၅ ဦး နာမည် စာရင်းပေးထားသည့်အနက် ပါတီစုံဝင်ရောက်ဆွေးနွေးခွင့် ရရှိစေရန်စီစဉ်ဆောင်ရွက်
မည်ဖြစ်သောကြောင့် လွှတ်တော်ကို ၁၅ မိနစ်ခန့် နားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နယကက လွှတ်တော်သို့ ပြောကြားသည်။
အဆိုပါ ဆွေးနွေးမှုမှာ ပြည်ထောင်စု လွှတ်တော်သည် ကိုယ်စားလှယ်ဦးရေ အများဆုံး ဆွေးနွေးမှုဖြင့် စံချိန်တင်ရမည် ဖြစ်ကြောင်း လွှတ်တော် မှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ-မြနှင်းအေး
၁၁ ရက်မြောက်နေ့ လွှတ်တော်အ စည်းအဝေး တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ-မြနှင်းအေး
ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တွေ့ရသော
ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်း
ဓာတ်ပုံ- မြနှင်းအေး
ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ မြင်ကွင်း
ဓာတ်ပုံ-မြနှင်းအေး
The Voice Weekly
ယနေ့ (သြဂုတ်လ ၂၇ ရက်နေ့) တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေးကြ မည် ဖြစ်ပါသည်။
(၁) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေများ အရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲ ဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက် ခဲ့မိ ကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံပဒေ ဆိုင်ရာ ခုံရုံးက ကြေညာချက် ထုတ်ပြန်ပေးရေးအတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို တပ်မတော်သား ကိုယ်စားလှယ် သုံးဦး အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦးက ဆွေးနွေး
jခင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်း ပြည်ထောင်စု လွှတ်တော် ၏ အဆုံးအဖြတ် ရယူခြင်း။
(၂) နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များနှင့် အတူ ပြန်လည်ပေးပို့လာသော ပို့ကုန် သွင်းကုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက ဖတ်ကြားခြင်း။ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီက
ရှင်းလင်း တင်ပြခြင်း။
(၃) နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများသို့ လှည့်ပတ် ရံပုံငွေအဖြစ် နိုင်ငံတော် ဘဏ်မှ ချေးယူသုံးစွဲ ရန် ကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းတင်ပြခြင်း။ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် အစီရင်ခံစာကို ရှင်းလင်း တင်ပြခြင်း။
(၄) ခုနှစ်ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန်များ မိတ်ဖက်အစည်းအဝေးသို့ တက်ရောက်ရန် ရှိကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်အား အာရှ-ဥရောပ ပါလီမန် အဖွဲ့ဝင်အဖြစ် လက်ခံမည့် အခြေအနေကို ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော် သို့ အသိပေး တင်ပြခြင်း။
(၅) ပြည်ထောင်စု လွှတ်တော် နာယကက တိုင်းဒေသကြီး ပြည်နယ်အချို့ရှိ ခရိုင်မြို့နယ် ကျေးရွာ နယ်နိမိတ် များ စိစစ်ခြင်းတို့ကို တင်ပြခြင်းနှင့်ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခြင်း။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနှင့် ပတ်သက်သော ဆွေးနွေးမှုကို ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးထားရန် အမည် စာရင်း တင်သွင်းထားသူ လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦး (Updated list) ရှိသဖြင့် အားလုံး ပါဝင်ဆွေးနွေးနိုင်ရန် အတွက် ပါတီအင်အား အချိုးအလိုက် ပါတီစုံပါဝင်ဆွေးနွေးနိုင်အောင် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးနှင့် ပတ်သက်သော ကိစ္စရပ်ကို ယနေ့ ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ အပြီးအပြတ်
ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ သတင်းရယူနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။
ယနေ့ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ဆွေးနွေးမည့် အစီအစဉ်များ တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီကော်မရှင်
နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်း ပုံအခြေခံ ဥပဒေပါ ပြဌာန်း ချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် နိုင်ငံ
တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေများ အရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက် များ ကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက် ခဲ့မိ ကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံပဒေဆိုင်ရာ ခုံရုံးက ကြေညာ ချက် ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကိုပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်း လင်း ဆွေးနွေးခြင်း ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ပါဝင်ခဲ့ပါသည်။
“ခုံရုံးနဲ့ ပတ်သက်တဲ့ အဆိုကို ဆွေးနွေးဖို့ ပထမက ပြည်ထောင် လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦး အမည် စာရင်း ပေးထား ပါတယ်။ နောက်ပိုင်းမှာတော့ ၇ ဦး ထပ်တိုးပါတယ်။ စုစုပေါင်း ၄၆ ဦး ဆွေးနွေးကြမှာပါ။ ထပ်တိုးထားတဲ့ ၇ ဦးမှာ ဒေါ် အောင်ဆန်းစုကြည် ပါဝင်လာပါတယ်။ နောက်ပြီးဆွေးနွေးမယ့် ၄၆ ဦး ထဲမှာ
တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးပါဝင်ပါ တယ်။ ဆွေးနွေးမယ့် သူတွေအတွက် တစ်ယောက်ကို အချိန် ၁၅ မိနစ်စီ ပေးထားပါတယ်။ ညနေ ၃ နာရီ မိနစ် ၃၀ မတိုင်မီ အပြီးသတ် ဆွေးနွေးကြရမှာပါ။ ညနေ ၃ နာရီ မိနစ် ၃၀ အချိန် ရောက်ရင်တော့ ကိုယ်စားလှယ် ၄၆ ဦး ဆွေးနွေး ပြီးသည် ဖြစ်စေ၊ မပြီးသည် ဖြစ်စေ ဆွေးနွေးမှုကို ရပ်ပြီး ပြည်ထောင်အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းမှာ ဖြစ် ပါတယ်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းပြီးရင်တော့ လျို့ဝှက်မဲပေးစနစ်နဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူမှာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စု လွှတ်တော်၌ သတင်းရယူနေသည့် Eleven Media Group သတင်း ထောက်က ပြောပါသည်။
Eleven Media Group
ဓာတ်ပုံ-မြနှင်းအေး
-----------------------------------------------------------------------------------------
နေပြည်တော်၊ သြဂုတ် ၂၇
ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက အဆိုတင်သွင်းခဲ့သော လွှတ်တော်အသီးသီးက ဖွဲ့စည်း ထားသော ကော်မတီ၊ ကော်မရှင် များသည် ပြည်ထောင်စု အဆင့်မဟုတ်ဟု ဆုံးဖြတ်ချက် ချခဲ့သည်မှာ မှားယွင်း ဆောင်ရွက်ခြင်း ဖြစ် ကြာင်း ကြေငြာရန် အဆိုကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေး မည် ဖြစ်ရာ ဆွေးနွေးမည့် ကိုယ်စားလှယ် အရေအတွက် များပြားသည့်အတွက် တစ်ဦးလျှင် အချိန် ၁၀ မိနစ်ဖြင့် ဆွေးနွေးပေးပါရန် ပြည်ထောင်စု လွှတ်တော် နယက ဦးခင်အောင်မြင့်က ပြောကြားသည်။
ယင်းအပြင် ကိုယ်စားလှယ် စုံလင်သည်ဖြစ်စေ၊ မစုံလင်သည်ဖြစ်စေ ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဆုံးဖြတ်ချက် အပြီးသတ်ချမှတ်မည်ဖြစ်ကြောင်း လွှတ်တော်တွင် သတင်းရယူနေသော The Voice Weekly သတင်းထောက်က ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်တင်ပြချက်အရ အဆိုပါအဆိုကို ဆွေးနွေးရန် လွှတ်တော်ကိုယ်စား လှယ် ၄၅ ဦး နာမည် စာရင်းပေးထားသည့်အနက် ပါတီစုံဝင်ရောက်ဆွေးနွေးခွင့် ရရှိစေရန်စီစဉ်ဆောင်ရွက်
မည်ဖြစ်သောကြောင့် လွှတ်တော်ကို ၁၅ မိနစ်ခန့် နားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နယကက လွှတ်တော်သို့ ပြောကြားသည်။
အဆိုပါ ဆွေးနွေးမှုမှာ ပြည်ထောင်စု လွှတ်တော်သည် ကိုယ်စားလှယ်ဦးရေ အများဆုံး ဆွေးနွေးမှုဖြင့် စံချိန်တင်ရမည် ဖြစ်ကြောင်း လွှတ်တော် မှတ်တမ်းများအရ သိရသည်။
( မြင်ကွင်း-ဓာတ်ပုံများ)
၁၁ ရက်မြောက်နေ့ လွှတ်တော်အ စည်းအဝေး တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ-မြနှင်းအေး
၁၁ ရက်မြောက်နေ့ လွှတ်တော်အ စည်းအဝေး တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ-မြနှင်းအေး
ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တွေ့ရသော
ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်း
ဓာတ်ပုံ- မြနှင်းအေး
ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ မြင်ကွင်း
ဓာတ်ပုံ-မြနှင်းအေး
The Voice Weekly
======================================================
(၁) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေများ အရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲ ဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက် ခဲ့မိ ကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံပဒေ ဆိုင်ရာ ခုံရုံးက ကြေညာချက် ထုတ်ပြန်ပေးရေးအတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို တပ်မတော်သား ကိုယ်စားလှယ် သုံးဦး အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦးက ဆွေးနွေး
jခင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်း ပြည်ထောင်စု လွှတ်တော် ၏ အဆုံးအဖြတ် ရယူခြင်း။
(၂) နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များနှင့် အတူ ပြန်လည်ပေးပို့လာသော ပို့ကုန် သွင်းကုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက ဖတ်ကြားခြင်း။ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီက
ရှင်းလင်း တင်ပြခြင်း။
(၃) နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများသို့ လှည့်ပတ် ရံပုံငွေအဖြစ် နိုင်ငံတော် ဘဏ်မှ ချေးယူသုံးစွဲ ရန် ကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းတင်ပြခြင်း။ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် အစီရင်ခံစာကို ရှင်းလင်း တင်ပြခြင်း။
(၄) ခုနှစ်ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန်များ မိတ်ဖက်အစည်းအဝေးသို့ တက်ရောက်ရန် ရှိကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်အား အာရှ-ဥရောပ ပါလီမန် အဖွဲ့ဝင်အဖြစ် လက်ခံမည့် အခြေအနေကို ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော် သို့ အသိပေး တင်ပြခြင်း။
(၅) ပြည်ထောင်စု လွှတ်တော် နာယကက တိုင်းဒေသကြီး ပြည်နယ်အချို့ရှိ ခရိုင်မြို့နယ် ကျေးရွာ နယ်နိမိတ် များ စိစစ်ခြင်းတို့ကို တင်ပြခြင်းနှင့်ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခြင်း။
---------------------------------------------------------------------------
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနှင့် ပတ်သက်သော ဆွေးနွေးမှုကို ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးထားရန် အမည် စာရင်း တင်သွင်းထားသူ လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦး (Updated list) ရှိသဖြင့် အားလုံး ပါဝင်ဆွေးနွေးနိုင်ရန် အတွက် ပါတီအင်အား အချိုးအလိုက် ပါတီစုံပါဝင်ဆွေးနွေးနိုင်အောင် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။
--------------------------------------------------------------------------
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနှင့် ပတ်သက်သော ကိစ္စရပ်ကို ယနေ့ကျင်းပမည့် ပြည် ထောင်စု လွှတ်တော်၌ အပြီးအပြတ်ဆွေးနွေးမည်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးနှင့် ပတ်သက်သော ကိစ္စရပ်ကို ယနေ့ ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ အပြီးအပြတ်