ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၇/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်
(၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်)
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ခွဲငယ်(၉) တို့အရ အောက်ပါ ပုဂ္ဂိုလ် များအား ယှဉ်တွဲပါ ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးတွင် ဒုတိယ ဝန်ကြီး များအဖြစ် ခန့်အပ် တာဝန်ပေး လိုက်သည်-
(၁) ဦးသန့်ကျော် နိုင်ငံခြားရေးဝန်ကြီးဌာန
(၂) ဦးဇင်ယော် နိုင်ငံခြားရေးဝန်ကြီးဌာန
(၃) ဒေါက်တာမောင်မောင်သိမ်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်